part-15 ...

24.7K 1.2K 19
                                    

နေ့လည်ထဲကငြိမ်နေသည့်ကြယ့်ကြောင့်အ ဆင်မပြေပေ။ခွန်းဆိုတဲ့ကောင်လေးရဲ့စကားကစိတ်အနှောင့်အယှက်ဖြစ်တာကြောင့်နောင်မပြောရဲအောင်ကိုယ့်ဘက်ကကြိုတင်ကာကွယ်ထားတာအကောင်းဆုံးလို့တွေးမိပြီးသတိပေးသလိုနှင့်ခြိမ်းခြောက်ထားလိုက်သည်။ဘာလို့အကောင်ပေါက်လေးရဲ့ဘေးက လူတွေကစိတ်ရှုပ်စေရတာလဲ။

ဟိုလူနာစောင့်ရန်ပိုင်နဲ့တင်အားမရလို့အခု စိုင်းခွန်းနောင်ကထပ်တိုးလာပြန်ပြီ။သူငယ် ချင်းကိုပြောလိုက်တာကြောင့်စိတ်မကောင်းဖြစ်သွားတာသိသည်။

ညနေစာစားပြီထဲကအပေါ်ထပ်ကိုတက်သွားသည်။အရင်ဆိုသူကြိုက်တဲ့ဇာတ်ကားတွေ ကြည့်နေတတ်တဲ့အကောင်ပေါက်လေးက အခုတော့ငြိမ်ချက်သားကောင်းနေတာပင်။
သိပေမဲ့အဲလက်စ်နဲ့ကယခုအပတ်လုပ်မဲ့အစည်းဝေးအတွက်စီစဉ်စရာရှိနေသေးတာကြောင့် သွားမကြည့်အားသေး။

အဲလက်စ်အတွက်ပထမဆုံးတက်ရမဲ့ meeting ဖြစ်သည့်projectကိုအဲလက်စ်ကိုယ်တိုင်presentationလုပ်ရမှာမို့လိုအပ်သည်ကိုမှာနေရသည်။စိတ်ချရပေမဲ့ပိုပြီးစိတ်ချအောင် စစ် ကိုယ်တိုင်အကြမ်းဖျင်း
ကြည့်ပေးနေတာဖြစ်သည်။

"မင်းရဲ့အစီစဥ်တွေကောင်းပါတယ်။ဒါနဲ့လက်တွဲမဲ့ companyကိုဆုံးဖြတ်ပြီးပြီလား"

"မရွေးရသေးဘူး ကိုစစ်...။အဲ့ကိစ္စကိုလဲနောက်အပတ်ထဲပြီးအောင်စီစဥ်လိုက်ပါမယ်။နောက်လလောက် project run နိုင်အောင်ကျွန်တော်စီစဥ်နေပါတယ်"

"Ok ကောင်းတယ်။မှတ်ထားနော်အဲလက်စ် ဒီproject အောင်မြင်တာ၊မအောင်မြင်တာ မင်းအပေါ်တိုက်ရိုက်ပတ်သတ်နေတယ်ဆိုတာကို"

"ကျွန်တော် သိပါတယ်။ကိုစစ် စိတ်မပျက်စေရပါဘူး။ကိုးလ်နဲ့ကျွန်တော့်ကိုယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် "

"Ok မင်း လုပ်စရာရှိသေးရင်ဒီအလုပ်ခန်း
ကိုသုံးလို့ရတယ်။ကိုယ် နားတော့မယ်"

"ဟုတ် ကိုစစ်....."

စစ် အလုပ်ခန်းထဲကနေအပေါ်ထပ်ကိုပဲတစ်ခါထဲတက်လာခဲ့သည်။ကိုစိတ်ဆိုးလေးကိုချော့ရဦးမယ်လေ။ကြယ်ကအခုနောက် ပိုင်းခေါင်းမမာတော့ပေ။ပြောစကားဆိုလဲ နားထောင်လာသည်။ဒါပေမဲ့စိတ်ဆိုးတာပဲဖြစ်ဖြစ်၊စိတ်မကောင်းဖြစ်နေတာဖြစ်ဖြစ်
အဲ့လိုအချိန်တွေဆိုအခုလိုငြိမ်ကုတ်သွားတတ်သည်။

အမုန်းကြိုးလေးနဲ့ချည်နှောင်သူ(Complete)Donde viven las historias. Descúbrelo ahora