part 56

1.3K 145 11
                                    

Unicode & Zawgyi

(Unicode)

ဟေးယွဲ့နဲ့ ရှောင်းကျန့် ၏ ကြားက လေထုက တမဟုတ်ချင်း ငြိမ်သက်သွား၏။

"ကိုယ်က နောက် လိုက်တာပါ....
ကိုယ့်နတ်ဘုရားလေး အတည်မှတ်စရာ
မလိုပါဘူး..."

ရှောင်းကျန့် အနည်းငယ် အားတုံ့အားနာ
ဖြစ်နေသည့်ဟန်ဖြင့်...

"ဟေးယွဲ့....ငါ..."

"ကိုယ့်ကို ခုန ပြောစရာ ရှိတယ်ဆို ဘာလဲ...."

"သြော်....အင်း...အဲ့ဒါက ငါ  နတ်တောင် ကို သွားမလို့..."

"ဘာအတွက် လဲ..."

"နှင်းကြာပန်း သွားယူမလို့..."

"မသွားနဲ့...."

"ဒါပေမဲ့....မင်းဒဏ်ရာက အဲ့ဒါနဲ့မှ ပျောက်မှာလေ..."

"အဲ့နေရာက အန္တရာယ်များ တယ်.... ကိုယ်
ခွင့်မပြုဘူး..."

"ငါ ဆုံးဖြတ်ပြီးပြီ... ဟေးယွဲ့.... မင်းက
ငါ့အတွက် အရေးကြီးတဲ့ လူပဲ...ဒါကြောင့် မင်းကို ငါ ဘာမှ မဖြစ်စေချင်ဘူး..."

ရှောင်းကျန့် စကားကြောင့် ဟေးယွဲ့နှလုံးသားလေး လှုပ်ခတ်သွားရသည်။

'ကိုယ်က မင်းအတွက် အရေးကြီးတဲ့လူ???
ကိုယ့်အတွက် မင်းမှာ နေရာရှိတယ်.... '

"ဟေးယွဲ့....မင်း ငါမရှိတဲ့အတောအတွင်း ဂရုတစိုက်နေပါ...သူတို့နဲ့ ထိပ်တိုက်မတွေ့နဲ့....ပြီးတော့...ပြီးတော့....ရိပေါ်ကိုလည်း
စောင့်ရှောက်ပေးပါ...သူက သာမန်လူသားဆိုတော့ အန္တရာယ်ရှိမှာ ငါ စိုးရိမ်တယ်....ဒါကြောင့်..."

"စိတ်ချပါ...သူ့ကို ဘာမှ မဖြစ်စေရဘူး....
ကိုယ်ကတိပေးတယ်..."

ထိုနေရာနှင့် ဆန့်ကျင်ဘက်ပင်....တခြားနေရာတွင်တော့ မှောင်မိုက်မှုတို့နဲ့ အကျည်းတန်နေသည်။

မူချင်းဖန်....မျက်လုံးတို့က သွေးဆာကာ
ရဲတောက်နေပြီး သူ၏ လက်ထဲ၌ အသက်ကိုမနည်းလုနေရသော မိန်းမငယ်လေး ရှိနေ၏။

ဖြူဖွေးသော အသားအရေရှိပြီး မျက်ဆံ
နက်နက် အညိုရောင် ဆံနွယ်တို့နဲ့
အလှသွေးကြွယ်နေသည့် မိန်းမပျိုလေးပင်။

The Same L💗VE (completed )Where stories live. Discover now