part 71

1K 112 6
                                    

Unicode & Zawgyi

(Unicode)

ရှောင်းကျန့် သူ သတိရလာချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးက ရင်းနှီးခြင်း
မရှိသည့် နေရာမှန်း သတိပြုလိုက်မိ၏။

ရှောင်းကျန့် ပတ်ဝန်းကျင် ကို လိုက်လံ အကဲခတ်ကြည့်နေမိသည်။
သူ ဘာကြောင့်ပဲ ရောက်လာသည် ဖြစ်စေ လွတ်မြောက်အောင် အရင် လုပ်သင့်သည်။

ရှောင်းကျန့် အချိန်အတော်ကြာ ပတ်လည် လိုက်ကြည့်ပြီးသည့်တိုင်အောင် သူ့အနေနဲ့
တစ်နေရာထဲမှာပဲ လှည့်လည်နေမိ​ကြောင်း သတိထားမိသွားသည်။

"ပုံရိပ်ယောင် ဝက်ပါ????"

ရှောင်းကျန့် အကြောင်းအရင်းကို သိပြီဖြစ် ​သည့်အတွက် ထပ်ပြီး မကြိုးစားတော့ပေ။ သူ့အားအင်တွေကို သက်သက် ဖြုန်းတီးမပစ်ချင်။ မည်သည့် အတွက်ကြောင့်မှန်း မသိပေမဲ့ နိုးလာကတည်းက သူ့တွင် အားအင်တို့ ဆုတ်ယုတ်နေသလို ခံစားနေရသည်။

ရှောင်းကျန့် အနီးမှာ ရှိသည့် သစ်ပင် ပင်စည်ကို မှီလိုက်ပြီး ဖြစ်ပျက်ခဲ့သည့် ကိစ္စတို့အား ပြန်လည် စဥ်းစားကြည့်မိနေသည်။

'ညတုန်းက ရိပေါ်နဲ့ အတူ ရှိနေတာပါ...နိုးလာတော့ ဘယ်လို လုပ်ပြီး.... အ...'

​ရှောင်းကျန့်မှာ ခေါင်းကိုက်မူးဝေလာ၍ နားထင် ကို နှိပ်နယ် နေရသည်။

"ဘာတွေ ဖြစ်သွားတာလဲ...."

"ဒီ စွမ်းအား တော်တော် လေး သက်သောင့်သက်သာ ရှိတာပဲ...."

"ဟမ်..."

ရှောင်းကျန့် မျက်ခုံးတွေက တွန့်ချိုးသွားခဲ့ပြီး ထိုအသံလာရာကို ကြည့်လိုက်သည်။

အစိမ်းရောင် စွမ်းအား အမျှင်တန်းလေးတွေကို ထုတ်ဖော် ကစားရင်း ပျော်မြူးနေသည့် အားကျိကို တွေ့လိုက်ရသည်။

"အားကျိ???"

တမဟုတ်ချင်း မှာပင် ရှောင်းကျန့် မျက်နှာက မည်းမှောင်သွားတော့သည်။

"အားကျိ မဟုတ်ဘူး...သူ့ဆီက သွေးစာချုပ်ရဲ့ အသိအမှတ်ပြုမှုကို မခံစားရဘူး..."

ရှောင်းကျန့် မသိမသာ ခြေလှမ်းတွေကို နောက်ဆုတ်မိသွားသည်။

The Same L💗VE (completed )Where stories live. Discover now