part 63

1.1K 123 4
                                    

Unicode & Zawgyi

(Unicode)

ဝမ်ရိပေါ် လိုက်ကာနောက် ကနေ ဝင်လာ
သည့် အလင်းဖျော့ဖျော့ကြောင့် အလင်းစူးမှုမှ ကာကွယ်ရန် မျက်လုံးကို ကာလိုက်သည်။

ပတ်ဝန်းကျင်ကား ပြောင်းလဲမှု မရှိ တည်​ငြိမ်နေသည်။

ဝမ်ရိပေါ် သက်ပြင်းခပ်သာသာ ချရင်း..

"ငါ ဒီရက်ပိုင်း အတော်လေး ပင်ပန်းနေတာပဲ...မဟုတ်တဲ့ အကြောင်းအရာတွေကို စိတ်စွဲပြီး အိမ်မက်လာမက်နေရတယ်လို့.... ဟိုကောင် ဟေးယွဲ့ သူက ဘယ်လို မကောင်းဆိုးဝါးမို့လို့လဲ..သူ့လို လူမျိုးက လွယ်လွယ် သေမှာတဲ့လား...."

ဝမ်ရိပေါ် သူ့ကိုယ်သူ ခပ်သာသာ သတိပေးလိုက်ပြီး

"ဒင်းကို သွားကြည့်ဦးမှ....တော်ကြာ သူ့ဟာသူ သေ သွားရင်တောင် ငါ့အပြစ် ဖြစ်ဦးမယ်..."

ဝမ်ရိပေါ် လေးလံနေသည့် ခြေတို့ကို သယ်ဆောင်ရင်း ဟေးယွဲ့ အခန်းသို့
သွားကြည့်လိုက်သည်။

ယခင်က သူနဲ့ ဟေးယွဲ့ တစ်ခန်းတည်းနေခဲ့သော်လည်း ရှောင်းကျန့် ထွက်သွားချိန်၌
ဝမ်ရိပေါ်မှာ ရှောင်းကျန့် အခန်း၌ သွားနေခဲ့သည်။

ဝမ်ရိပေါ် ဟေးယွဲ့အခန်းရှေ့၌ ရပ်ကာ အချိန်အတော်ကြာ တံခါးခေါက်နေသော်လည်း ပြန်ဖြေသူ မရှိ။

"သေ သွားပြီလား..."

ဝမ်ရိပေါ် ​ ငြူစူစွာနဲ့ပင်  တံခါးကို ဖွင့်လိုက်သည်။

အထဲ၌ မည်သူမျှ ရှိမနေ။

တိတ်ဆိတ်ကာ ရှင်းသန့်နေသည်။

"စောစောစီးစီး အမြင်မှန်ရပြီး ထွက်သွားတော့လည်း ကောင်းတာပေါ့...."

ဝမ်ရိပေါ် တံခါးပြန်ပိတ်လိုက်ပြီး သူ့အလုပ်သွားရန်အတွက်သာ ဆက်လက်ပြင်ဆင်လိုက်သည်။

၁၀မိနစ်ခန့်ကြာပြီးနောက်...

"အား!!? ဒါက ငါ...ငါလား.."

ဝမ်ရိပေါ်မှာ ရေချိုးခန်းထဲ က မှန်ရှေ့၌
ထိတ်လန့်စွာနဲ့ရပ်နေသည်။

သူ၏ မျက်ဝန်းတို့တွင်လည်း မယုံကြည်နိုင်မှုတို့က အစားထိုးဝင်ရောက်လျှက်။

The Same L💗VE (completed )Where stories live. Discover now