part 38

1.8K 214 9
                                    

Unicode & Zawgyi

(Unicode)

ရှောင်းကျန့် ဝမ်ရိပေါ်ကို အမြင်ကပ်၍ ဟေးယွဲ့ဆီကို ဟု ပြောခဲ့သော်ငြား သူသွားခဲ့သည်က
စစ်ချင်းရှု ဆီသို့ပင်။

ရှောင်းကျန့် အခန်းထဲ ဝင်လာချိန်တွင် စစ်ချင်းရှု မှာ သတိပြန်ရနေချေပြီ။

"ချင်းရှု သတိရနေတာ ကြာပြီလား....."

"ကိုကို....."

ချင်းရှု ခုတင်ပေါ်က ဆင်းလာပြီး ရှောင်းကျန့်ကို ဖက်တွယ်ထားသည်။

"ကိုကို  ....ညီမလေး အိမ်မက်မက်တယ်.... ကိုကိုက ညီမလေးကို ထားပြီး အဝေးကြီး...ဟိုးအဝေးကြီးကို ထွက်သွားတယ် တဲ့......"

စစ်ချင်းရှု မျက်ရည်တို့ ဝေ့သီနေတဲ့ မျက်ဝန်းနဲ့ ရှောင်းကျန့်ကို မော့ကြည့်ရင်း ပြောလာသည်။

ရှောင်းကျန့် စစ်ချင်းရှု ခေါင်းလေးကိုသာ ခပ်ဖွဖွ ပွတ်သပ်ပေးနေလိုက်သည်။

"မထွက်သွားဘူး မို့လားဟင်....မထွက်သွားဘူး မို့လား...."

"မသွားပါဘူး....ကိုကိုက ဘာလို့ ညီမလေးဘေးက ထွက်သွားရမှာလဲ...."

"Ommm...ကိုကို... ကတိနော်...."

"ကတိပေးတယ်.... "

"ဒါနဲ့ကိုကို ညီမလေးကို ဆူလည်းမဆူဘူး...တွန်းလည်း မထုတ်ဘူး.....ဆိုတော့ ကိုကို နေပြန်ကောင်းသွားပြီလား....ဟုတ်လား..."

စစ်ချင်းရှု တောက်ပသည့်မျက်ဝန်းတို့ဖြင့်
မျှော်လင့်ချက် ပြည့်ဝစွာ မေးလိုက်သည် ။

စစ်ချင်းရှု မှာ ရှောင်းကျန့်နဲ့ပတ်သက်သည့် သံသယ အလုံးစုံသည်ကား မြူမှုန်မျှတောင် မကျန်ရှိတော့ပေ..။
အားကျိ၏ ဖျက်ဆီးခြင်းကို
ခံလိုက်ရသောကြောင့်ပင်။

"အင်း...ကိုကို ပြန်ကောင်းအောင် တိတ်တိတ်လေး ကုနေတာ...ညီမလေး အံသြသွားအောင်လို့လေ.. ကိုကို့ကို ရိပေါ်က ကူညီပေးတယ်လေ....
ဘယ်လိုလဲ အံသြ သွားတယ် မလား..."

"အင်း..အင်း...အင်း....အရမ်း supriseဖြစ်တယ်...ညီမလေးက ကိုကို့ကို ပြန်ကောင်းစေချင်နေတာ....."

စစ်ချင်းရှု ခေါင်းတဆတ်ဆတ် ငြိမ့်လျှက် ပြန်ဖြေလာသည်။
စစ်ချင်းရှု က တကယ်ကို ချစ်ဖို့ကောင်းသည့် မိန်းမကောင်းလေးပင်။

The Same L💗VE (completed )Where stories live. Discover now