part 52

1.5K 161 8
                                    

Unicode & Zawgyi

(Unicode)

"အရှင်...."

မြေခွေးနီက အားကျိနဲ့ အခြေအတင် ဖြစ်နေ
သည့် မျက်နှာချင်းဆိုင် က လူကို ခေါ်လိုက်သည်.....

"......"

ထိုသူက ဘာမှ မပြော...မြေခွေးနီကို တိတ်ဆိတ် စွာသာ လှည့်ကြည့်လာသည်....

"ကျွန်တော် တို့ စောင့်နေတဲ့ သူ ရောက်လာပြီ...."

"ကောင်းပြီ...."

ထို့နောက်တွင် ထိုသူ က မြေခွေးနီ နဲ့အတူ ထွက်သွားခဲ့သည်....

အားကျိ ထွက်သွားတဲ့ လူနှစ်ယောက်၏ နောက်ကျောကို ကြည့်နေ ရင်း တစ်ခုခု မှားယွင်းနေသလို ခံစားလာရသည်.....

"သူတို့ စောင့်နေ တဲ့လူ....ငါ့သခင်များလား.....
ဟင့်အင်း မဖြစ်နိုင်ဘူး....တကယ် ဟုတ်နေရင်ရော မဖြစ်ဘူး....ငါလွတ်အောင် ကြိုးစားရမယ်..... "

ဟေးယွဲ့ ...သူ့ခန္ဓာအတွင်းက မြေခွေးဆိပ်ကို ဖိနှိပ်ထားနိုင်ရန် ကြိုးစားနေသည်....

ဟေးယွဲ့ ယခု ရှိနေသည့်နေရာမှာ သူ၏ ပိုင်ဆိုင်ရာ အိမ်တော်အတွင်း၌.....

"အားးးး!...."

ဟေးယွဲ့ နာကျင်မှုကြောင့် ပြင်းထန်စွာ ငြီးငြူမိသည်.....မြေခွေးနီ လက်သည်းဆိပ်ကို ဖိနှိပ်ထားနိုင်သော်လည်း အသည်းခိုက်မတတ် နာကျင်မှုက ရှိနေဆဲ.......

ဟေးယွဲ့ သူ့ခန္ဓာကိုယ် က ဒဏ်ရာကို ကြည့်ရင်း သက်ပြင်းသာ ချနိုင်သည်....

"​ ကြည့်ရတာ  ငါ့မှာ အချိန် မရှိတော့ဘူးပဲ....
လုပ်စရာ ရှိတာ ဆက်လုပ်ရမှာပဲ.....သူ့ကို
မထိခိုက်စေဖို့......."

"အကိုလေး...."

ဟေးယွဲ့ အခန်းထဲ ဝင်လာသူကား ဟေးယွဲ့၏ အရင်းနှီးဆုံးအစေခံ စွေ့မင် ပင်....

ရုတ်တရက်  လူတစ်ယောက် ဝင်လာမှုကြောင့် ဟေးယွဲ့၏ မျက်ခုံး နှစ်သွယ်က တွန့်ချိုးသွားသည်....သူအက်ျီကို လျင်မြန်စွာ ပြန်ဝတ်လိုက်ပြီး.....

"တံခါးခေါက်ပါလို့ ဘယ်နှစ်ခါ ပြောရမလဲ...."

"တောင်းပန်ပါတယ် အကိုလေး......"

The Same L💗VE (completed )Where stories live. Discover now