part 24

2.3K 254 5
                                    

Unicode&Zawgyi

(Unicode)

ဝမ်ရိပေါ်... ခေါင်မိုးထပ်က ပြန်လာကတည်းက
ရှောင်းကျန့် ကို စကားပြောခြင်းလည်း မရှိသလို
အရေးတယူ လုပ်ခြင်းလည်း မရှိပေ....

ဝမ်ရိပေါ်... တစ်ခုခု ကို အတွေးများနေဟန်လည်း ရသည်.....

"🎶🎶🎶...."

ဝမ်ရိပေါ် ...ဖုန်းမြည်လာသောကြောင့် ကိုင်လိုက်သည်....
ဆက်သွယ်လာသူမှာ သူ့ပါတနာ စူးချင်းမေ...

"ဟဲလို... အစ်မစူး...."

"ရိပေါ်....ငါပြောတဲ့ လိပ်စာကို လာခဲ့....
အမှတ် ၂၅၂ ကျန်းရင် အိမ်ယာ...."

စူးချင်းမေ.... သူလိုအပ်သည်ကို တန်းပြောလိုက်သည်....

"အစ်မစူး...ကျွန်တော် အခု လာပြီ...."

ဝမ်ရိပေါ် ချက်ချင်းထပြီး အပေါ်ထပ် ဂျာကင်ကို ယူလိုက်သည်....

ရှောင်းကျန့် ဝမ်ရိပေါ်... သူ့ကို လျစ်လျူ ရှုထားသည်ကို သူသိသည်....
သို့သော် ထိုအခြေအနေကို သူနှစ်သက်သည်....
မဟုတ်ရင် ထိုလူသားကြောင့် နားငြီးမှုကို သည်းခံနေရသည်....

ယခုလည်း ဝမ်ရိပေါ် မှာ ရေးကြီးသုတ်ပြာ ဖြစ်နေသည်....မည်သည့်အတွက်ကြောင့်ဆိုတာ ရှောင်းကျန့် နားမလည်.....

"ရိပေါ်...ဘယ်ကို သွားမှာလဲ....
ငါရောလိုက်လို့ရလား ..."

ရှောင်းကျန့်...စပ်စုချင်စိတ်ကြောင့်.....ထွက်သွားဖို့ ပြင်နေသည့် ဝမ်ရိပေါ် ကို မေးလိုက်သည်....

"အမှုကိစ္စ....အပြင်လူ လိုက်လို့ မရဘူး...."

ဝမ်ရိပေါ် မှုန်တေတေနဲ့ပဲ ပြန်ဖြေလိုက်သည်....

ရှောင်းကျန့် ခေါင်းအသာ ညိမ့်လိုက်ပြီး

"သိပြီ...ငါ ဒီမှာ စောင့်နေမယ်..."

ဝမ်ရိပေါ်....ရှောင်းကျန့် ရဲ့ ဘဝင်မကျဖြစ်သွားသည့် မျက်နှာကို ကြည့်ပြီး အနည်းငယ် စိတ်ထဲ မကောင်းသလိုပင်...

"လိုက်ချင်ရင် လိုက်ခဲ့....မနှောင့်ယှက်ရဘူး...."

ဝမ်ရိပေါ် ပြောပြီးသည်နှင့် ရှေ့က ထွက်သွားသည်....

The Same L💗VE (completed )Where stories live. Discover now