part 29

2.1K 231 6
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့် ....စစ်ချင်းရှု စာကြည့်ခန်းထဲ က နတ်ဆိုး ဖြားယောင်း ဂမုန်းပင် ငယ်ကို သိမ်းပြီးသည်နှင့် သူ့ရဲ့ ခြေလှမ်းတို့ကို ဝမ်ရိပေါ် တို့ဆီ ဦးတည်လိုက်သည်....

တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း.....ထိုအချိန်ထိ ရှောင်းကျန့် သတိမထားမိသေး.....

ခြေလှမ်း ဆယ်လှမ်းမြောက် လှမ်းပြီးချိန်တွင်တော့ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ထင်မိလာသည်....

မှားယွင်းသွားသည်မှာ အကြီးအကျယ်ကိုပင်....

ရှောင်းကျန့် အနေဖြင့် တစ်ဖက် မိစ္ဆာ ကို လျှော့တွက်ခဲ့မိချေပြီ.....

ရှောင်းကျန့် သူကိုယ်တိုင် မသိလိုက်မိခင်မှာပဲ
တစ်ဖက် မိစ္ဆာ ၏ ထောက်ချောက်ထဲကို ကျဆင်းခဲ့မိသည်....

ယခု ရှောင်းကျန့် ရောက်ရှိနေမိသည့် နေရာကား ပုံရိပ်ယောင်ကမ္ဘာ.....

ထို ကမ္ဘာ သည်ကား မိမိ၏ နှလုံးသား အနက်ရှိုင်းဆုံးမှာ ဖုံးကွယ်နေသည့် အကြောက်တရား
တို့ဖြင့် ဖန်တီးထားသည်...

ရှောင်းကျန့် သည်ကား နတ်ဘုရားတစ်ပါး
ဖြစ်သည့်အတွက် အကြောက်တရား ကင်းစင်သလောက် ရှိနေသည်ဟု ထင်ကောင်းထင်နိုင်သည်....

သို့သော်လည်း ရှောင်းကျန့်၏ နှလုံးသား အတွင်းဘက်မှာ သူကိုယ်တိုင် တောင် မသိသည့် အကြောက်တရား ရှိနေသည်...

ရှောင်းကျန့် ၏ မျက်လုံးရှေ့မှာ မျက်စိတစ်ဆုံး ကျယ်ပြောလှတဲဲ့ မြေပြင်ကြီး က သွေးနံ့တို့ လှိုင်လျှက် ကြောက်မက်ဖွယ် မြင်ကွင်းအဖြစ် တည်ရှိနေသည်.....

လူတစ်ယောက်သည်ကား ထိုအလယ်တွင်
ရပ်လျှက် အကြင်နာမဲ့စွာဖြင့် လူအားလုံးကို တိုက်ခိုက်နေသည်.....

ရှောင်းကျန့် ထိုသူကို အသေအချာ မြင်ရအောင် ကြိုးစားနေမိသည်....

သို့သော် အချည်းနှီးသာ....

ရုတ်တရက် ထိုသူက ရှောင်းကျန့်ဘက်သို့ လှည့်လာကာ သူ့ရဲ့ သွေးချင်းချင်းနီနေသည့် ဓားကို ချိန်ရွယ်လျှက် တိုးဝင်လာသည်.....

The Same L💗VE (completed )Where stories live. Discover now