part 25

2.3K 254 12
                                    

Unicode &Zawgyi

(Unicode)

ရှောင်းကျန့်... ဝမ်ရိပေါ် သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိသည်....

"ရိပေါ်... ဘာဖြစ်လို့လဲ.... "

ဝမ်ရိပေါ်... ခေါင်းအသာယမ်းလိုက်ပြီး

"ဘာမှ မဖြစ်ပါဘူး....."

"....."

ဘာမှ မဖြစ်ပါဘူးဟု ပြန်ဖြေလာသည့် သူက
အကြည့်စူးစူးနဲ့ အကဲခတ်သလို ဆက်လက်
ကြည့်နေသောကြောင့် ရှောင်းကျန့် မနေတတ်တော့ပေ....

"တစ်ခုခု ရှိနေတယ် မလား...ရိပေါ်...."

"ရှောင်းကျန့်....မင်း မနေ့ညက ဘယ်မှာ ရှိနေတာလဲ...."

"မနေ့ညက မင်းအခန်းထဲ မှာလေ...."

ရှောင်းကျန့် မျက်မှောင်ကြုပ်လျှက် ပြန်ဖြေလိုက်သည်....
ဤမေးခွန်းသည် မရိုးရှင်းမှန်း ရှောင်းကျန့်
သိသည်....

ရှောင်းကျန့် အဖြေကို ဝမ်ရိပေါ် မငြင်းဆန်နိုင်....
အမှန်သည်လည်း မိမိနဲ့အတူ ရှိနေခဲ့ခြင်းပင်....

ဟို မကောင်းဆိုးဝါးကို ....ရှောင်းကျန့် အခန်းထဲ တွင် တွေ့လိုက်ရ၍ ထို မကောင်းဆိုးဝါး နောက်တစ်ကြိမ် ပြန်လာမည် စိုး၍ ဝမ်ရိပေါ် မှာ
ရှောင်းကျန့် ကို သူ၏ အခန်းထဲတွင် အိပ်စေခဲ့သည်....

ထို အချိန် ကာလ တစ်လျှောက်လုံး ရှောင်းကျန့်မှာ မိမိဘေးတွင် ရှိနေသည်....

ထိုအတိုင်းဆိုလျှင် သေဆုံးသူ လက်ထဲတွင် မည်သည့်အတွက်ကြောင့် ရှောင်းကျန့် ၏ လက်ပတ်ကြိုး ရှိနေရသနည်း....

တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံလိုခဲ့တာလား....

နောက်ကွယ်မှာ မည်သူရှိနေသနည်း....??
ဝမ်ရိပေါ် မတွေးတတ်တော့ပေ...

"ဒါ ဟိုမကောင်းဆိုးဝါးကောင် လား...သူ တစ်ချိန်လုံး ရှောင်းကျန့် အနားရှိနေတာ.... ရှောင်းကျန့် ဆီက လက်ပတ်ကြိုး တစ်ခု ယူသွားဖို့ အလွယ်လေးပဲ...."

ဝမ်ရိပေါ် ...ထိုကိစ္စကိုသာ အပြန်ပြန် အလှန်လှန် တွေးနေမိသည်...

"ရိပေါ်...ရိပေါ်....."

ရှောင်းကျန့်... ဝမ်ရိပေါ် ကို အသာ လှုပ်ရမ်းလိုက်သည်....

The Same L💗VE (completed )Where stories live. Discover now