part 33

2.1K 236 10
                                    

Unicode& Zawgyi

(Unicode)

ရှောင်းကျန့် အခန်းအပြင် ရောက်မှ သူ့ကိုယ်သူ သတိထားမိသည်....

"နေပါဦး...ငါ ဘာလို့ စိတ်တိုနေရတာလဲ....သူ တခြားသူကို စိတ်ပူလဲ ဘာအရေးလဲ....ဟူးးးလ်
ငါလည်း အကျင့်တွေ ပျက်လာပြီ....လူသားလောက က တကယ် မကောင်းဘူးပဲ ထစ်ခနဲ စိတ်တိုစရာချည်းပဲ....."

ရှောင်းကျန့် သူ့ဘာသာ တွေးပြီး သက်ပြင်းချနေမိသည်....

"မမလေးချင်းရှု....."

ရှောင်းကျန့် အတွေးလွန်နေတုန်း လူတစ်ယောက် စစ်ချင်းရှု အခန်းထဲ ပြေးဝင်သွားသည်.....

"ဒါက စစ်ချင်းရှု ရဲ့ လက်ထောက်ပဲ.....သူ့နာမည်က ဘာပါလိမ့်.......စဥ်းစားမရဘူးပဲ ထားလိုက်ပါတော့.....အားယား သေစမ်း ငါမေ့နေတာ....
ချင်းရှုဘေးမှာ ဟို အမွှေစိန်လေး ရှိနေတာ ငါမေ့နေတာ....အမြန်လိုက်သွားမှ ဖြစ်မယ်....အဲ့တာလေး မွှေမှ ပြဿနာ ပိုတက်လိမ့်မယ်...."

ရှောင်းကျန့် ထိုအတွေးကို တွေးမိသည်နှင့် သူသည်လည်း စစ်ချင်းရှု ရှိနေသည့် အခန်းသို့ ဦးတည်လိုက်သည်....

တစ်ဖက်မှ မူချင်းဖန်မှာ မည်သည့် ပြဿနာ ဖြစ်ပျက်သွားသည်ကို သူမသိပေ....

ယုချီချီ ထံမှ အခြေအနေ မူမမှန်ကြောင်း အကြောင်းကြားသည်နှင့် မူချင်းဖန် ချက်ချင်း ရောက်လာခဲ့ခြင်းပင်.....

သို့သော် စစ်မိသားစု အိမ်တော်တွင် မည်သည့်ပြဿနာမှ မဖြစ်ပျက်ခဲ့သည့်အလား တည်ငြိမ်လွန်းနေသည်....

မူချင်းဖန် စစ်ချင်းရှု၏ အခန်းထဲ ဝင်လိုက်ချိန်တွင် သူတစ်ခါမှ မမြင်ဖူးသော လူတစ်ယောက်က အနားတွင် ပွစိပွစိ ရေရွတ်လျှက် ရပ်နေသည်....

ပွစိပွစိ ရေရွတ်နေသည်မှာ အခြားသူ မဟုတ်... မှော်သားရဲ လေး အားကျိပင်....

"မင်း ဘယ်သူလဲ.....အခုချက်ချင်း မမလေးချင်းရှု ဘေးကနေ ဝေးဝေးနေ...."

မူချင်းဖန် အပူတပြင်း ဆိုရင်း ထိုလူစိမ်းနဲ့ မျက်နှာချင်းဆိုင် လိုက်သည်....

စစ်ချင်းရှု တွင် ထိခိုက်ဒဏ်ရာ ရှိမရှိလည်း စစ်ဆေးကြည့်မိနေသည်....

The Same L💗VE (completed )Where stories live. Discover now