part 44

1.6K 192 30
                                    

Unicode & Zawgyi

(Unicode)

"ဝုန်း...."

တံခါးကို အလောသုံးဆယ် ဖွင့်ဝင်လာပါသည့် ဝမ်ရိပေါ်....

ဟေးယွဲ့ကို သန့်ရှင်းရေး လုပ်ပေးရန် ရေနွေးဇလုံကို ကိုင်ထားသည့် ရှောင်းကျန့်....

ခန္ဓာကိုယ် အပေါ်ပိုင်း အက်ျီဗလာဖြစ်နေသည့် ဟေးယွဲ့....

သုံးယောက်သား အတန်ကြာသည်အထိ
တစ်ယောက် နဲ့တစ်ယောက် အပြန်အလှန်
ကြည့်နေသည်။

ဘာစကားမှ မဆိုမိကြ.....

အရင်ဆုံး စကားစလာသူက ရှောင်းကျန့်.....

"ရိပေါ် ဘာဖြစ်လာတာလဲ....ဒီလောက် အလောသုံးဆယ် နဲ့....."

ရှောင်းကျန့် သူ့လက်ထဲက ကိုင်ထားသည့် ရေနွေးဇလုံကို ဟေးယွဲ့ ဘေးနားက စားပွဲပေါ် တင်လိုက်သည် ။

"မင်းတို့ ဘာလုပ်နေတာလဲ.... "

ဝမ်ရိပေါ် မျက်နှာက တိမ်မည်းတိမ်စိုင်တို့ အုပ်စိုင်းနေသည်။

ဟေးယွဲ့ကတော့ ဝမ်ရိပေါ် ကို ရှိသည်တောင်
မထင်...ထီမထင်သည့် မျက်နှာပေးဖြင့်....

"အားကျန့် က ငါ့ကို ပြုစုပေးမလို့လေ....
မင်းမမြင်ဘူးလား..."

"ပြုစုပေးမယ်...ဟုတ်လား....ရှောင်းကျန့် မင်းက နတ်ဘုရားတစ်ပါး ဖြစ်ပြီး စည်းမျဥ်းတွေ မရှိဘူးလား....သာမန် လူသားတစ်ယောက်တောင် နေ့ခင်းကြောင်တောင် အခုလို မလုပ်ဘူး....ဘယ်အရာက လုပ်သင့်တယ် မလုပ်သင့်တယ် သိတယ်... မင်းတို့က အရှက်မရှိ ဘာတွေ လုပ်ဖို့ ကြိုးစားနေတာလဲ....ပြီးတော့ ငါ့အိမ်မှာ...."

ဝမ်ရိပေါ်၏ ပြစ်တင်ဝေဖန်သံကြောင့်
ဖြောင့်တန်းနေသည့် ရှောင်းကျန့် ၏
ဓားသွားသဏ္ဍာန် မျက်ခုံးများက တွန့်ချိုးသွားသည်။

"ရိပေါ်...ဒါ ....ဆို....မင်းပြောပါဦး .....ငါက ဘယ်အရာကို လုပ်သင့်ပြီး မလုပ်သင့်တာလဲ.....ငါ ဟေးယွဲ့ ကို ကူညီပြီး ရေပတ်တိုက်ပေး တာက မသင့်တော်တာလား.....ဒဏ်ရာရပြီး လက်တောင် မမြှောက်နိုင်တဲ့လူကို ဒီအတိုင်းပစ်ထားတာက မင်းတို့ လူသားတွေရဲ့ သင့်တော်တဲ့ လုပ်ရပ်လား...."

The Same L💗VE (completed )Where stories live. Discover now