part 31

2.1K 238 4
                                    

Unicode&Zawgyi

(Unicode)

ဝမ်ရိပေါ်သည်ကား မဲပိတ်မှောင်နေသည့် နေရာ တစ်ခုအတွင်း ရောက်နေသည်....

သူ ရောက်နေသည့် နေရာကား မည်သည့်နေရာဆိုတာ သူမသိ...

အချိန်တစ်ခု ကြာပြီးတဲ့နောက်တွင် ဝမ်ရိပေါ် ၏ ရှေ့မှ မြင်ကွင်းများ ပြောင်းလဲသွားသည်....

ကြယ်ရောင်စုံ လင်းနေသော ကောင်းကင်ထက်ကနေ အလင်းရောင် ထွန်းပနေပြီး ရွှေရောင်နဲ့ အနက်ရောင် ရောယှက်နေ သော အရာတစ်ခု သက်ဆင်းလာခဲ့သည်....

ထိုအရာ မြေပြင်ပေါ်သို့ မကျရောက်ခင်မှာပဲ တစ်စုံတစ်ရာ ကြောင့် အသွင်သဏ္ဍာန် နှစ်ခု
အဖြစ် ကွဲလွဲသွားခဲ့သည်.....

ဝမ်ရိပေါ် သူ့ရှေ့က ပြောင်းလဲ ဖြစ်ပေါ်နေသော အရာများကို နားလည် သလိုလို နဲ့ နားမလည်...

ထိုကွဲထွက်သွားတဲ့ အသွင် နှစ်ခုအနက်မှ တစ်ခုက ကမူးရှူးထိုးဆန်စွာဖြင့် ဝမ်ရိပေါ် တည်ရှိနေရာ နေရာဆီသို့ ပြေးဝင်လာခဲ့သည်....

"မလာနဲ့....မလာနဲ့...."

ဝမ်ရိပေါ် အသည်းအသန် ငြင်းဆန်မိနေသည်....

သူရပ်နေရာ နေရာမှ လည်း အဝေးဆုံးကို ပြေးထွက်နေမိသည်...

သို့သော် ခြေထောက်တို့က ရွေ့လျားမလာ...
လှုပ်လို့ပင် မရ....

ရှောင်းကျန့်မှာတော့ စိတ်ပူနေသည်....ဝမ်ရိပေါ်မှာ တစ်စုံတစ်ရာကို ခုခံနေပုံရသည်....

မိမိကဲ့သို့ ဝမ်ရိပေါ် လည်း ပုံရိပ်ယောင် ကမ္ဘာထဲ ပိတ်လှောင်ခံရမည်ကို ကြောက်မိသည်....

"ရိပေါ်....ရိပေါ်.....သတိထားဦး...ရိပေါ်..."

ရှောင်းကျန့် ဝမ်ရိပေါ်ကို လှုပ်နှိုးလိုက်သည်....

တစ်ဖက်က ဝမ်ရိပေါ်မှာတော့ ထွက်ပြေးချင်သော်လည်း ပြေးလို့မရ ဖြစ်နေသည့်အချိန်တွင်
တစ်စုံတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်....

ထိုအသံက ဝမ်ရိပေါ်အတွက် တအားရင်းနှီးလွန်းနေသည်....ဝမ်ရိပေါ် ထို အသံလားရာ အတိုင်း သူ ပြေးထွက်သွားဖို့ ကြိုးစားလိုက်သည်....

The Same L💗VE (completed )Where stories live. Discover now