part 26

2.1K 235 4
                                    

Unicode &Zawgyi

(Unicode)

"ရိပေါ်.....မင်း အလုပ်ရှုပ်နေရင် ချင်းရှုဆီ.... ငါ့ဘာသာ သွားလိုက်မယ်လေ....."

ရှောင်းကျန့်.... ဝမ်ရိပေါ် အချိန်အားမည် မဟုတ်မှန်းသိသည်.....

ယခင်အမှုရော ယခုအမှု ပါ လူသတ်မှု ဖြစ်သည်...သို့သော် ထိုအမှုတို့အတွက် တရားခံသည်ကား ရှာမတွေ့သေးပေ.....
ထို့ကြောင့်  ဝမ်ရိပေါ်အတွက် အချိန်အားမည်  မဟုတ်ဟု ရှောင်းကျန့် တွေးမိခြင်းပင်....

"လိုက်ပို့ပေးမယ်လို့ ပြောပြီးသားပဲ..... ဘယ်လောက်အလုပ်ရှုပ်ရှုပ် ကျွန်တော် လိုက်ပို့ပေးမှာပါ.....ယောကျာ်း ဆိုတာ ပြောပြီးသား တည်ရတယ်လေ...."

ဝမ်ရိပေါ်.... ရှောင်းကျန့်ကို မျက်ခုံးတစ်ချက်ပင့်လျှက် ပြောလိုက်သည်....

"ငါက မင်းကို မိန်းမကြီးထင်နေတာ....နေရာတကာ စိတ်လက်တဆစ်နဲ့လေ... "

ရှောင်းကျန့် မကြားတကြား ရေရွတ်လိုက်သည်....

"ဘာ....."

"ဘာမှ မဟုတ်ဘူး... လာ..လာ သွားကြရအောင်...."

စစ်မိသားစု နေအိမ်တွင်....

စစ်ချင်းရှုထံ မူချင်းဖန် အစီအရင်ခံစာ တင်ပြနေသည်...

"အကို ချင်းဖန်....ကိုကို့အကြောင်း ဘာသဲလွန်စ ရသေးလဲ..."

စစ်ချင်းရှု မေးလိုက်သည်...

"အကိုလေး အကြောင်း ရှာလို့မတွေ့သေးပါဘူး...တောင်းပန်ပါတယ်... "

"အကို ချင်းဖန် တောင်းပန်စရာ မလိုပါဘူး....လက်ရှိရှိနေတဲ့ ကိုကို ကလည်း ကျွန်မရဲ့ အကိုရင်း ဖြစ်နိုင်တာပဲလေ...."

"မမလေး ချင်းရှု...."

"သွားနိုင်ပြီ....ကျွန်မ တစ်ယောက်တည်းနေချင်တယ်...."

စစ်ချင်းရှု မှာ စစ်ရီ ပျောက်သွားပြီကတည်းက လူက နည်းနည်း အေးစက်စက် ဆန်လာသည်...
အရင်လို ပျော်ရွှင် စနောက်တတ်သည့် အသွင်လေး မရှိတော့....

မိသားစု တစ်ခုလုံး၏ တာဝန်ကို ယူထားရသည့်အတွက် စိတ်ပင်ပန်းနေသည်လည်း ဖြစ်နိုင်သည်....

The Same L💗VE (completed )Where stories live. Discover now