part 47

1.5K 183 4
                                    

Unicode & Zawgyi

(Unicode)

စစ်မိသားစု အိမ်တော်တွင်.....

ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် တို့ ပြန်သွားပြီးနောက်....

စစ်ချင်းရှု ခေါင်းထဲ အနည်းငယ်
ထိုးကိုက်လာသည့်အတွက် လေကောင်း လေသန့် ရှူရှိုက်နိုင်ရန် အနောက်ဖက် ခြံဝန်းထဲသို့ ဆင်းလာခဲ့သည်....

စစ်ချင်းရှု သူ့ခံစားချက်တို့က လွတ်လပ်ပေါ့ပါးနေသလို ခံစားနေရသလိုလည်း တစ်ဖက်၌ တစ်စုံတစ်ခု ပျောက်ဆုံးနေသည့်အလား လစ်လပ်နေသည်....

"ဘာလို့ ငါ့စိတ်ထဲ တစ်ခုခု ပျောက်ဆုံး နေသလို ခံစားနေရပါလိမ့်....ကိုကို ငါ့အနားမှာ နေပေးရင် ကောင်းမှာ.... အဲ့ဒါ ဟိုမကောင်းတဲ့ ဝမ်ရိပေါ်ကြောင့်...."

စစ်ချင်းရှု တွေးတောနေရင်းကနေ သူ့လည်ပင်းမှာ ဆွဲထားသည့် ရှေးဟောင်း ကျောက်စိမ်း လေးကို သူ့ရဲ့ ဖြူဖွေးနေတဲ့ လက်သွယ်သွယ်လေးတွေနဲ့ ဖွဖွလေး ပွတ်သပ်နေခဲ့သည်.....

"ဖေဖေ...မေမေ...သမီး အရမ်း သတိရတာပဲ.....
ဖေဖေတို့ကို သမီးတွေ့ချင်တယ်...."

ထိုစကားနဲ့အတူ မျက်ရည်တို့သည်ကား လိမ့်ဆင်းလာခဲ့သည်....

"မမလေး.....မမလေး....အားးးး...."

ယုချီချီ ထံမှ  အထိတ်တလန့် အော်သံပင်....

စစ်ချင်းရှု ...အိမ်ထဲ အမြန် ပြေးဝင်လာခဲ့ချိန်တွင် ယုချီချီ မှာ ကြမ်းပြင်ပေါ်၌ သတိလစ် မေ့မြောနေလေပြီ ဖြစ်သည်.....

ဧည့်ခန်းထဲတွင် ရှိနေသူမှာ စစ်ချင်းရှု နဲ့ မစိမ်းသက်သည့် လူတစ်ယောက်....

သို့သော် နွေးထွေးမှုအစား သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒတို့ ထုံလွှမ်းလျှက်....

"ကိုကို.....ကိုကို ခုန ပြန်သွားခဲ့တာ မဟုတ်ဘူးလား....."

စစ်ချင်းရှု သူ့ရှေ့က ရပ်နေသည့် သူကို မေးလိုက်သည်....

ဟုတ်ပါသည်..... စစ်ချင်းရှု ၏ ရှေ့တွင် ရပ်နေသူမှာ ရှောင်းကျန့်ပင်....

သို့သော် ရှောင်းကျန့်မဟုတ်..... ရှောင်းကျန့် အသွင်နဲ့ တူနေခြင်းပင်...

The Same L💗VE (completed )Where stories live. Discover now