part 73

1K 119 2
                                    

Unicode & Zawgyi

(Unicode)

ဝမ်ရိပေါ်... ရှောင်းကျန့်ကို သစ်ပင်ကြီးငယ်တို့ မရှိပဲ မြက်ပင်တချို့သာ ရှိနေသည့်တောင်ပူစာလေးရှိ မြေကွက်လပ်တွင် လဲလျောင်း နေသည်ကို တွေ့လိုက်ရသည်။

ဝမ်ရိပေါ် ရှောင်းကျန့် တည်ရှိရာကို သုတ်ခြေတင် သွားမိသည်။

သို့သော် ရှောင်းကျန့်ဆီ ရောက်ရန် လက်တစ်ကမ်း အလိုမှာတင် သူ့ကို တစ်စုံတစ်ရာက ဟန့်တားထားသည်။

ရှောင်းကျန့်ဆီသို့ မည်မျှပင် ရောက်အောင် ကြိုးစားနေပါစေ ဝမ်ရိပေါ်မှာ သူ့ရှေ့တွင်
မမြင်ရတဲ့ နံရံတစ်ခု ရှိနေသလို ခံစားနေရသည်။

"အစီအရင် အင်း ချထားတာလား..."

ဝမ်ရိပေါ် ထိုအစီအရင်ကို ပယ်ဖျက်ဖို့ လက်ဟန် အစီအရင် အချို့ကို ထုတ်ဖော်လိုက်သည်။ အမှန်တကယ် ထိုပညာတို့ကို
ဝမ်ရိပေါ် သုံးစွဲနိုင်ခြင်း မရှိသော်လည်း
ဝမ်ရိပေါ် ကိုယ်ထဲက ဟေးယွဲ့ကတော့ တတ်နိုင်သည်။

အချိန်တစ်ချို့ ကုန်ဆုံးပြီးချိန်တွင် ဝမ်ရိပေါ် အစီအရင်ကို ပယ်ဖျက်နိုင်သွားသည်။

"ရှောင်းကျန့်..."

ဝမ်ရိပေါ် ရှောင်းကျန့် ထံသို့ လက်လှမ်းကာ ထိလုထိခင်လေးမှာပင် ရှောင်းကျန့် ၏ ခန္ဓာကိုယ် က တခြားတစ်ယောက် ၏ ဆွဲယူသွားခြင်းကို ခံလိုက်ရသည်။

"ရှောင်းကျန့်...."

ဝမ်ရိပေါ် အမြန်ဖမ်းဆွဲလိုက်သော်လည်း မမှီလိုက်ချေ။

"မဖြစ်နိုင်တာ....!!"

မူချင်းဖန် မှာ သူရှေ့က ငွေဖြူရောင် ဆံပင်ရှည်နှင့် ရွှေရောင်စူးတောက်နေသည့် မျက်ဝန်းပိုင်ရှင် ကို စူးစိုက်ကြည့်လျှက် အံသြတကြီး ဆိုလာသည်။

"ဟေးယွဲ့ မင်းသေပြီ မဟုတ်ဘူးလား..."

မူချင်းဖန် စဥ်းစားလေ မျက်မှောင်ပိုကျုံ့လာလေပင်။ ဟေးယွဲ့ကို မိမိကိုယ်တိုင် သတ်ခဲ့သည်မှာ သေချာသည်။ အဘယ်အတွက်ကြောင့် အနှီလူက ယခု မိမိရှေ့မှာ ရှိနေရသနည်း။

"မဟုတ်ဘူး...မင်းက ဟေးယွဲ့ မဟုတ်ဘူး..."

မူချင်းဖန် သူတစ်ယောက်တည်း ခွန်းတုံ့ပြန်နေ၏။ သူ တထစ်ချ ပြောနိုင်သည်။ သူ့ရှေ့က လူက ဟေးယွဲ့ မဟုတ်ပေ။

The Same L💗VE (completed )Where stories live. Discover now