part 57

1.1K 129 4
                                    

Unicode & Zawgyi

(Unicode)

အထပ်မြင့်အိမ်ယာ ၏ အိပ်ခန်းအတွင်းတွင်
ဝမ်ရိပေါ်ကား မှုန်မှိုင်းစွာနဲ့ ထိုင်နေ၏။

သူ့နှလုံးသား၏ အရိပ်ကလေးသည်ကား ယခုအခါ အဝေးတစ်နေရာသို့ ရောက်နေ၏။

ဝေးကွာသည်မှ တစ်ပတ် ကျော်ကျော်မျှသာ ရှိနေသေးသော်လည်း တစ်စုံ တစ်ယောက်ကတော့ လွမ်းဖျားလွမ်းနာ ကျလို့နေသည်။

တစ်စုံတစ်ယောက်၏ လွမ်းဆွတ်ခြင်းကို
ခံနေရသော တစ်ယောက်သောသူကမူ
ဆေးနန်းတော်၌ နတ်ဆေးသမားတော်
ရွယ်ကျီနဲ့ အတူ စကားစမြည်ပြောဆိုလျှက်
ရှိသည်။

"ရွယ်ကျီနတ်မင်း ကျွန်တော့်ကို ကူညီနိုင်
မလား..."

ရွယ်ကျီက အခက်တွေ့နေသည့် မျက်ဝန်းတို့ဖြင့် မော့ ကြည့်လာ၏။

"ရှောင်းကျန့်... ဒီကိစ္စက မင်းအတွက် ထိုက်တန်လို့လား..."

"ထိုက်တန်တယ် မထိုက်တန်ဘူးက
အရေးမကြီးပါဘူး...
ကျွန်တော် ကာကွယ်လိုတဲ့ သူကို
ကာကွယ်ခွင့်ရရင် ကျေနပ်ပြီ..."

"မင်းဆုံးဖြတ်ချက်က ခိုင်မာနေတော့လည်း မပြောလိုတော့ပါဘူး...."

ရွယ်ကျီ ခဏတာ တွေးတောမှု ပြုလိုက်ပြီး..

"မင်းရဲ့ ပေးဆပ်မှုအတွက် ကောင်းမွန်တဲ့ ရလဒ်ရမှာပါ...မနက်ဖြန် ငါတို့ နတ်တောင်သွားကြတာပေါ့.."

"မဖြစ်ဘူး..!!!.."

ရှောင်းကျန့် ၏ အလောသုံးဆယ် တားမြစ်
သံကြောင့် ရွယ်ကျီ မျက်မှောင် အနည်းငယ်
ကြုပ်သွားသည်။

"ကျွန်တော် မစောင့်နိုင်ဘူး...အသင်နတ်မင်းလည်း သိသား.... နတ်ပြည်တစ်ရက် လူ့ပြည်တစ်နှစ်ဆိုတာ....ကျွန်တော် သာ အချိန်ဆွဲနေရင် သူတို့......."

ရှောင်းကျန့် မျက်ဝန်းတို့မှာ ဝေခွဲမရမှုနဲ့အတူ နာကျင်မှုတို့ ထင်ဟပ်နေသည်။

"သူတို့ ကို မစောင့်စေချင်ဘူး....အခုပဲ
သွားလို့ရအောင် ကူညီပါ နတ်မင်း..."

"ကောင်းပြီ..."

ရှောင်းကျန့် ရဲ့ စိတ်ဆန္ဒက ပြင်းပြနေသည်မို့
ရွယ်ကျီ မပြောသာတော့ဘဲ ခေါင်းအသာ
ခါယမ်းကာ သဘောတူညီလိုက်သည်။

The Same L💗VE (completed )Where stories live. Discover now