part 72

1.1K 111 8
                                    

Unicode & Zawgyi

(Unicode)

နေရောင်ခနေသည့် ကောင်းကင်ပြင်ကြီးတွင် ချက်ချင်းလက်ငင်း  တိမ်မည်းတိမ်လိပ်တို့က နေရာယူလာခဲ့သည်။

"ကောင်းကင်က ဘာဖြစ်သွားတာလဲ...."

"ချက်ချင်းကြီး မည်းတက်လာတယ်..."

"မုန်တိုင်းရှိလို့များလား...မိုးလေဝသကလည်း အထူးတလည် မကြေငြာ ထားဘူး..."

"ဘာဖြစ်တာလည်း မသိဘူး..."

သွားလာလှုပ်ရှားနေသူ အပေါင်းတို့က ပြောင်းလဲသွားသည့် ကောင်းကင်ပြင်ကို
မော့ကြည့်ရင်း အမျိုးမျိုး ဝေဖန်ချက်ထုတ်နေကြ၏။

တစ်ချို့ကမူ အလျှင်အမြန် သွားလိုရာကို ပြေးလွှားနေကြသည်။

အနက်ရောင် hoddies ခေါင်းဆောင်အောက်က မျက်ဝန်းတစ်စုံက ထိုအခြင်းအရာကြောင့် မှေးကျဥ်းသွားခဲ့၏။

"သွားပြီ....မကောင်းတော့ဘူး..."

တစ်ဖက်တွင်....

ရှောင်းကျန့်ဆီက ရှင်သန်ခြင်း စွမ်းအင်တွေကို အားကျိ အငမ်းမရ စုပ်ယူ စားသုံးနေလေသည်။

နောက်ဆုံး တစ်ရှိုက်စာ စုပ်ယူ စားသောက်ပြီးချိန်မှာတော့ အားကျိ စုပ်ယူထားတဲ့ စွမ်းအင်တွေကို သူ့ကိုယ်တွင်း၌ လှည့်လည်စေရင်း နောက်ဆုံးလက်ကျန် စွမ်းအင်ရဲ့ အနံ့ကို ပြင်းပြစွာ ရှုရှိုက်လိုက်ပြီး နှုတ်ခမ်းစွန်းတို့က ကော့တက်သွားခဲ့သည်။

"ရှင်သန်ခြင်း စွမ်းအင်... တကယ့်ကို နေသာထိုင်သာ ရှိတာ ပဲ..."

ယစ်မူးခြင်း အပြည့်နဲ့ နှစ်လိုစွာ ရှင်သန်ခြင်း စွမ်းအင် အရသာ ကို ကောင်းကောင်း ခံစားနေလေသည်။

"အရှင်...ကျွန်တော် သူ့ကို ခေါ်လာခဲ့ပြီ..."

ရူးသွပ်ခြင်း အပြည့် ဖြစ်နေသည့် မျက်နှာ က အသံလာရာကို လှည့်လိုက်ခိုက်တွင် တဖြည်းဖြည်း အသွင်က ပြောင်းလဲသွားလေသည်။

ဖြူလျော်သည့် ဆယ်ကျော်သက် အရွယ် ကောင်လေးကနေ ကြမ်းကြုတ်ရက်စက်
သည့် သက်လတ်ပိုင်း အရွယ် လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

The Same L💗VE (completed )Where stories live. Discover now