part 88

1.1K 117 4
                                    

Unicode & Zawgyi

(Unicode)

"ကျွန်တော် ကူပေးရမလား..."

"မလိုဘူး..."

ရှောင်းကျန့်က ဝမ်ရိပေါ် အမေးအား တုံ့ဆိုင်းခြင်းမရှိ ငြင်းဆိုလိုက်၏။
အနှီသကောင့်သားက ကူချက်ပြုတ်ပေးနေတာမှ မဟုတ်တာ ။ သူ့ခန္ဓာကိုယ်ကို လိုက်ပွတ်သပ်ပြီး ကလူမြူနေတာ။ သူ ကောင်းကောင်း ချက်ပြုတ်လို့မရဘူး။

ရှောင်းကျန့်မှာ ဝမ်ရိပေါ် ဖက်တွယ်ထားမှု အလယ်ကနေ ရုန်းထွက်လိုက်ကာ ဝမ်ရိပေါ် ကို မီးဖိုချောင် အပြင်သို့ မောင်းထုတ်လိုက်လေသည်။

ဗို့အား ပြင်းထန်လွန်းသည့် တတိယ မီးသီးလေးပါ မောင်းထုတ်ခံလိုက်သည်။

ဝမ်ရိပေါ် မှာ သဘောတကျ ပြုံးရယ်လိုက်ပြီး အေးအေးသက်သာ နဲ့ ဆိုဖာထံ လျှောက်လှမ်းသွားကာ ခြေ ချိတ်ထိုင်လိုက်သည်။

တတိယ မီးသီးလေးကတော့ သူ့ကိုယ်သူ
ဇွဲမလျော့သေးဘဲ ရှောင်းကျန့် နား တဝဲလည်လည် လုပ်နေ၏။

သူ လုပ်နေလေ ထိပ် အခေါက်ခံရလေပင်။

ဝမ်ရိပေါ်မှာ ကြည့်နေရင်း သူ့မြင်ကွင်းကို နှောင့်ယှက်နေသည့် ထိုအမှိုက်လေးကို အမြင်ကပ်လာသည်။

"အဟမ်း...ဟမ်း..."

အားကျိမှာ ဝမ်ရိပေါ်ထံ ဆူအောင့်အောင့်နဲ့ ပြန်လှည့်ကြည့်လာကာ ဆက်လက်ပြီး ရှောင်းကျန့် နဲ့ ဝမ်ရိပေါ်ကြား ပိတ်ရပ်နေသည်။

"အားကျိ... ဒီလာခဲ့..."

အားကျိမှာ ဝမ်ရိပေါ် စကားကို အဖတ်မတန်စွာဖြင့် လာဖို့ဝေးစွ လှည့်တောင်မကြည့်ပေ။

ခဏအကြာ...

ဝမ်ရိပေါ် ရှေ့၌ အငွေ့တထောင်းထောင်းနဲ့ စားချင်စဖွယ် ဆန်ပြုတ်လေးက ရောက်ရှိလို့လာသည်။

ဆူပုတ်နေသည့် အားကျိကို မြင်ရသည့် တခဏ ဝမ်ရိပေါ်မှာ ပျော်ရွှင်မှုတို့ ဖြင့် ဝန်းရံသွားတော့သည်။ နှုတ်ခမ်းစွန်းတစ်ဖက်မှာ သိသိသာသာ ကော့တက်ပြုံးသွားကာ အနိုင်ရသူတစ်ယောက်၏ အပြုံးတို့ ထင်ဟပ်နေ၏။

"ကျန့်အာ... ကျွန်တော် လက်နာနေတယ်..."

"ဟင်... ဟုတ်လား..."

The Same L💗VE (completed )Where stories live. Discover now