part 58

1.2K 132 2
                                    

Unicode & Zawgyi

(Unicode)

အနည်းငယ်စိုစွတ်နေဆဲ ဖြစ်သော နီစွေးနေသည့် နှုတ်ခမ်းပါးလေးက မတင်မကျ လှုပ်ခတ်နေသည်။

မျက်လုံးသူငယ်အိမ်က တောင်မြောက် လှုပ်ရှားသွားကာ ခန္ဓာကိုယ် ၏ လှုပ်ရှားနေမှုတို့ကို ရပ်တန့်လိုက်၏။

ရှုပ်ထွေးသည့် စိတ်အစဥ်ကို ထွေးပိုက်လျှက် အားကျိမှာ အကျဥ်းအကြပ်ထဲက လွတ်မြောက်နေလိုဟန်ပေါ်နေ၏။

မသိစိတ်၏ လှုံဆော်မှု ကို သိစိတ်က ထိန်းချုပ်ထားသည်။

လူသတ်သည်။

ထိုအရာကား အားကျိ
အဖို့ သိပ်မဆန်းကြယ်လှသော်ငြား ယခုကဲ့သို့ အပြစ်မဲ့သူတို့မပါဝင်ပေ။

သူ၏ စိတ်က သူအလိုရှိသလို မဖြစ်ပေ။
တစ်ခြားတစ်ယောက်က လွှမ်းမိုးထိန်းချုပ်ထားသည့်အလား တစ်ခါတစ်ရံ လွတ်ထွက်သွားကာ မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ စိတ်ကြိုက်ပြုမူ၏။

ယခင်က ဆိုးညစ်သည့် အမှုဖြစ်သော
လူ့အသက်ဓာတ် စုပ်ယူမှုကို မပြုခဲ့သော်ငြား  ယခုမူ မည်သည့်အတွက် ကြောင့် လူသားတို့၏ အသက်ဓာတ်ကိုမှ မိမိမှာ လိုလိုချင်ချင် တောင်းတမိနေရသနည်း။
ထိုသည်ကိုလည်း နားမလည်။

မူပျက်နေသော အားကျိကြောင့် မူချင်းဖန် မျက်နှာက ပုပ်သိုးသွားသည်။

မသိမသာ အားကျိ၏ ဂုတ်ပိုးထက်က
မှော်နက်ကြာပန်းကို မူချင်းဖန် ထိန်းချုပ်မှု
ပြုလိုက်၏။

ယခင်ကတည်းက မူချင်းဖန်မှာ အားကျိကိုယ်ခန္ဓာ အတွင်း တွင် မှော်နက်ကြာပန်းမျိုးစေ့ကို ပျိုးခဲ့သည်။

ယခုအခါ ထိုအရာမှာ အပွင့် အဖြစ်ပွင့်အာလာချေပြီ။

ထိုကြာပန်းကြောင့် မူချင်းဖန်၏ လိုသလို အသုံးပြုခြင်းခံရသော ရုပ်သေးသဖွယ်
အားကျိမှာ ပြောင်းလဲသွားခဲ့ရ၏။

တုန်လှုပ်နေသော မျက်ဝန်းတို့မှာ နက်ရှိုင်းသော ကန်ရေပြင်ကဲ့သို့ ပြန်လည်  တည်ငြိမ်သွားပြီး ခုနကကဲ့သို့ ပုန်ကန်လို
သည့် အသွင်ရှိသည့် ခပ်မိုက်မိုက် လူငယ်လေးအသွင် ပြောင်းလဲသွား၏။

The Same L💗VE (completed )Where stories live. Discover now