part8

3K 340 14
                                    

Unicode &Zawgyi

(Zawgyi )

"ဘာ....အတူနေဖို့ ..!!!!...အဟမ်း...
အဟွတ် ***...အဟွတ် ***...."

ရှောင်းကျန့် က သဘောရိုးနဲ့ ပြောလိုက်သော်ငြား 
ဝမ်ရိပေါ်ကတော့ အဆုံးစွန်ထိ  တွေးချလိုက်ပုံရသည် ....

"သူက ငါ့ကို နဂိုကတည်းက  သိပ်မကြည်တာ ..
အခု ငါ သူ့ ညီမ ကို ကြိုက်နေတာကို သိသွားလို့အနီးကပ်လာပြီး  စနည်းနာချင်နေတာလား ....
အခြားသူ ဆိုရင်မသိပေမယ့်......ငါ့ကို ဆိုရင် သဘောတူမှာ မဟုတ်ဘူး ....ဒါပေမဲ့ သူက ပုံမှန်အသိစိတ်မှ မဟုတ်တာ..  ငါဘာလို့  သူ့ကို လန့်နေရတာလဲ..."

ဝမ်ရိပေါ် အတွေးနယ်လွန်နေရင်း  ရှောင်းကျန့်က  သူ့ယောက်ဖလောင်းဆိုသည့် အတွေးကြောင့် လက်ကချွေးစေးများပင် ပျံလာသည်....

ဝမ်ရိပေါ်  ဘက်က သဲသဲလှုပ်နေသော်လည်းတစ်ဖက်က  စစ်ချင်းရှု ကတော့  ဝမ်ရိပေါ် ကို ရှိသည်ဟုတောင်မထင်ပါ ...

ဝမ်ရိပေါ်  ချောင်းအဆက်မပြတ်  ဆိုးနေသောကြောင့်
ရှောင်းကျန့် မျက်ခုံး ပင့်ကာသာ ကြည့်နေသည် ....

ဝမ်ရိပေါ်  ချောင်းဆိုးတာရပ်သွားမှ  ရှောင်းကျန့် စကားဆိုလာသည်....

"ရိပေါ် မင်းချောင်းဆိုးပျောက်ဆေး
သောက်သင့်တယ်....."

"ဆေးသောက်ရတဲ့အထိ မဟုတ်ပါဘူး.....
စစ်ရီ....မှားလို့....ရှောင်းကျန့်  မင်းက ဘာလို့ 
ငါနဲ့ အတူနေမှာလဲ...မင်းရဲ့ စံအိမ်အကျယ်ကြီးကိုထားပြီး မင်းအိမ် ရေချိုးခန်း လောက်ပဲရှိတဲ့ ဒီတိုက်ခန်းမှာ  တကယ်နေချင်နေတာလား...."

"ဒီတိုက်ခန်းက အဆင့်မြင့်  အိမ်ယာကတိုက်ခန်းလေ...ကျိန်းသေပေါက်  ငါ့အိမ်
ရေချိုးခန်းထက် ကျယ်ပါတယ်...ရိပေါ် မင်းဘာလို့ကိုယ့်ကိုကိုယ်   နှိမ့်ချနေရတာလဲ...."

"ရှောင်းကျန့်  မင်းဒီမှာနေရင်မနက်ဆို တစ်ယောက်တည်း  ကျန်ခဲ့မှာပေါ့...."

"ကိစ္စ မရှိဘူး  ငါမင်းနဲ့ လိုက်ခဲ့မယ် ..."

"စခန်းကို လိုက်လို့မရဘူးလေ ..."

"ငါ မင်းကို အနှောင်အယှက်မပေးပါဘူး...."

"ဒါဆို ချင်းရှု ရော မင်း ငါ့အိမ်မှာ နေရင် မင်းညီမလေးချင်းရှုက တစ်ယောက်တည်း အထီးကျန်နေမှာပေါ့ ...မင်း ချင်းရှုကို  စိတ်မပူဘူးလား ..."

The Same L💗VE (completed )Where stories live. Discover now