part 48

1.5K 153 9
                                    

Unicode & Zawgyi

(Unicode)

"ဒီအနံ့က တော်တော်ဆိုးတယ်..... လူသား
မင်း အနံ့မရဘူးလား...."

"ဟင့်အင်း....မရဘူး....အားကျိ မင်း ထူးဆန်းတဲ့ အနံ့ရတာ သေချာလို့လား...."

"ရိုင်းစိုင်းလိုက်တာ...... ငါ့နာမည် တပ်ခေါ်ရလား....သခင် အားကျိ လို့ ခေါ်....."

"ဟေး ....ကြ က်သွန်ဥလေး အခုချိန် မင်းသခင် အန္တရာယ် ဖြစ်နေတာတောင် မင်းက နာမည်ကို အာရုံစိုက်နိုင်သေးတယ်နော်....."

"ငါက မင်းထက် သခင့်ကို ဂရုစိုက်တယ်...."

"ထားတော့...  ဒီတော့ ကြ က်သွန်ဥလေး မင်းရတဲ့ အနံ့ က ဘယ်လိုမျိုးလဲ...."

"ငါက ကြ က်သွန်ဥ မဟုတ်ဘူး...."

အားကျိ ရူးရူးရှဲရှဲ တုံ့ပြန်လာသည်....

"ဟုတ်ပါပြီ... သခင်ငယ်လေးရယ်....အခု ပြောပြတော့....."

"အနံ့က အရမ်းစူးတယ်....သွေးနံ့လိုလိုပဲ ဒါပေမဲ့ မွှေးတယ်...."

"အဲ့ဒါ မကောင်းဆိုးဝါး အနံ့ ရော ဟုတ်လို့လား.....မီးဖိုချောင်ထဲက အနံ့ရနေတာ မဟုတ်ဖူးလား...."

ဝမ်ရိပေါ် တစ်ခုခုကိုတွေးမိပြီး... အားကျိ
အဖြေကို အာရုံမစိုက်နိုင် တော့...

"မဟုတ်သေးဘူး.... အခုမှ သတိရတယ်....
အားကျိ...မင်း ဒီမှာ ခဏနေခဲ့ .....ငါ့အစား အခြေအနေတွေကို စောင့်ကြည့်ထားပေး...."

ဝမ်ရိပေါ် အားကျိကို စစ်မိသားစု အိမ်တော်၌ ထားခဲ့ပြီး ထွက်သွားလေသည်....

အားကျိမှာ ငြင်းဆန်ခွင့်လေးတောင် မရပဲ
အထားခဲ့ခံရလေသည်...

"လူသားတွေများ စိတ်ကုန်လိုက်တာ......ပြောချင်ရာ ပြော လုပ်ချင်ရာ လုပ်နေကြတယ်......ငါ့ကို နည်းနည်း လေးတောင် အာရုံ မစိုက်ဘူး....."

အားကျိ သူ့အသွင်ကို ဖျောက်ထားသည်မို့ အနီးအနားတွင်ရှိနေသည့် ရဲဝန်ထမ်း တို့မမြင်ရပေ.....

"ထူးဆန်းတယ်....အခုန ငါ ရနေတဲ့ အနံ့
ဘယ်ရောက်သွားပါလိမ့်.....ငါပဲ အထင်မှားတာလား.....လုံးဝကို သိပ်သည်းနေတဲ့ မကောင်းဆိုးဝါး အနံ့ကိုလေ...."

The Same L💗VE (completed )Where stories live. Discover now