part 60

1.1K 131 2
                                    

Unicode & Zawgyi

(Unicode)

ဆွဲထုတ်လိုက်သည့် ဓားချက်နဲ့အတူ ဟေးယွဲ့သည်လည်း ပုံလဲလို့ ကျသွားခဲ့သည်။

"ဟေး...ဟေးယွဲ့..."

ဝမ်ရိပေါ် သူ့ရှေ့က ပြိုလဲကျသွားသည့် လူကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ချေ။

ဘယ်လောက်ပင် ဟေးဟွဲ့ကို မနှစ်သက်သည် ဆိုဦးတော့ သူသည်ကား မိမိပင်။

ဝမ်ရိပေါ်... ဟေးယွဲ့ ခန္ဓာကိုယ် ကို ထိန်းယူ
တွဲ လိုက်သည်။

"ဟေယွဲ့....မင်း.... ဘယ်တုန်းက ဒီလို...."

ဝမ်ရိပေါ် မှာ ဆက်မပြောနိုင်တော့။

'ဒီလို အားနည်းပြီး ပြောင်းလဲသွားတာလဲ' လို့
မေးလိုက်ချင်သော်လည်း  သူသည်ကား ဟေးယွဲ့ထက်ပင် အားနည်းသေးသည်။

ဒဏ်ရာ ရနေသော ဟေးယွဲ့ကမှ သူ့ထက် တိုက်ခိုက်နိုင်သေးသည်။

ယခုတော့ ဝမ်ရိပေါ် သူ့ကိုယ်သူ အသုံးမကျ သည့် လူတစ်ယောက်လို ခံစားလာရသည်။

ဘယ်တုန်းကမှ သူအခုလို မခံစားခဲ့ဘူးပေ။

"ဆိုတော့ကား...ဒီတော့ မင်းက ပိုင်ဟူပေါ့...
ဆံပင် အဖြူရောင် ဒီအသွင်အပြင် ကြည့်ရတာ မင်းစွမ်းအင်တွေ နှိုးထပြီးပုံပဲ...
ဒါပေမဲ့ လည်းကွာ ပိုင်ဟူ ရာ...ပိုင်ဟူ...
မင်း ဘယ်တုန်းက ဒီလောက် အားနည်း
သွားတာလဲ...."

မူချင်းဖန် မှာ လှောင်ပြောင် ထစ်ငေါ့လျှက် တဖြည်းဖြည်း ဝမ်ရိပေါ်တို့ အနီး ချဥ်းကပ်လာလေသည်။

လက်ထဲ၌ ရှိနေသည့် ဓားသွားပေါ်က သွေးတို့ကိုလည်း သဘောခြိုက်စွာ သောက်သုံးနေသေးသည်။

ဝမ်ရိပေါ်... ဟေးယွဲ့ကို တွဲထားလျှက်ပင်
နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်မိသည်။

လက်တစ်ဖက်က ခါး၌ ရှိနေသည့် သေနတ်ကို မြဲမြံစွာ ကိုင်ရင်း သတိချပ်ထားသည်။

"ဟားဟား....ငါ မထင်ထားဘူး...ငါ့အဖေကို ချိတ်ပိတ်ထားခဲ့တဲ့ နတ်ဘုရားကို ငါက အနိုင်ယူနိုင်လိမ့်မယ်လို့...."

ဟေးယွဲ့ မျက်လုံး မှေးကျဥ်းလိုက်ပြီး
ဝမ်ရိပေါ်အနား တိုးလျှက် တီးတိုး စကားဆိုလိုက်သည်။

The Same L💗VE (completed )Where stories live. Discover now