part 79

1K 109 5
                                    

Unicode & Zawgyi

(Unicode)

သွေးတို့အစား အမည်းရောင် အခိုးအငွေ့တို့သာ ထွက်လာခဲ့သည်။

ကျာ့ရှင်းကို ဆွဲထုတ်လိုက်ပြီးနောက်
ရှောင်းကျန့် အဝေးကို လျှင်မြန်စွာ ဆုတ်ခွာလိုက်သည်။

မူချင်းဖန်သည်ကား မြေပြင်၌ ပုံကျသွားခဲ့သည်။

နတ်ဘုရား မျက်ရည်စက်၏ အလင်းရောင်မှာ ပိုမို ဖြာကျလာ၏။

ထိုအလင်းရောင်တို့က တဖြည်းဖြည်း 
မူချင်းဖန်၏ ခြေလက်တို့ကို ချုပ်နှောင်လာခဲ့သည်။

မူချင်းဖန် မှာ အတော်လေး အထိနာနေပြီပင်။
သူ့တွင် ကျာ့ရှင်း ကြောင့် ဒဏ်ရာ ပြင်းထန်နေပြီမို့ ယခုတဖန် နတ်ဘုရား မျက်ရည်စက်၏ ချုပ်နှောင်မှုကို ခံလာရ
သည့်အခါ သူ့တွင် တွန်းကန်နိုင်စွမ်း မရှိတော့ပေ။

နတ်ဘုရား မျက်ရည်စက်၏ စွမ်းအားတွေက ပိုမို တောက်လောင်တင်းကြပ် လာကာ
မူချင်းဖန်၏ ခြေလက်တို့ကို ဆွဲ ဖြတ် ချေမွ လိုက်ပါတော့သည်။

အမှုန်အမွှားများ အဖြစ် လွှင့်ပြယ်သွားသော မူချင်းဖန်၏ အဖြစ်မှာ ဘေးလူကြည့်လျှင် သနားစရာ ကောင်းလှသော်လည်း ဤ အခြေအနေဖြစ်သည့်တိုင် သူကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်းပင်။

ဝမ်ရိပေါ် မှာ နတ်ဘုရား မျက်ရည်စက်၏
စွမ်းအားကို ထုတ်ဖော်လိုက်သည့်အချိန်က သူ့ဘဝနောက်ဆုံးဟု ထင်လိုက်မိသော်လည်း ယခု အခါ သူ အသက်ရှု၍ ရသေးသည်။ သူ၏ မျက်လုံးရှေ့မှာ သူ၏ ချစ်ရသူ ကို
တွေ့ရသေးသည်။

ဟေးယွဲ့ သူ့ကို ပြောခဲ့သည်။ ဝိဉာဥ် စတေးရမည်ဟု။ အခုအခြေအနေက အနည်းငယ်
နုံးချိ နာကျင် နေတာက လွဲလို့
သူ့တွင်ခံစားရမှု သိပ်မရှိပေ။

သေဆုံးသွားသည့် အတွက်ကြောင့်များ
ဝိဉာဥ် လွင့်သွားလေသည်လား။
ဝိဉာဥ် ဖြစ်သွားလို့ မနာကျင်သည်လား။ ထိုသို့ဆိုရအောင်လည်း သူ့ခြေထောက်က မြေပြင်အထက် တိတိပပ ရပ်တည်နိုင်သေးသည်။

ဝမ်ရိပေါ်.... ခါးကိုင်းကာ အနားက မြက်ပင်ရှည်ကို ခူးယူလိုက်သည်။ သူ ဖြတ်ယူလို့ရသည်။ ထိလို့ရသည်။ သူမသေပေ။ ထိုအတိုင်းဆို ဟေးယွဲ့ သူ့ကို စနောက်ပြန်သည်လား။ ထိုအတွေးကြောင့် ဝမ်ရိပေါ်.. ဟေးယွဲ့ကို ဆက်သွယ်လိုက်သည်။ တုံ့ပြန်မှုမရှိ။ သူ၏ စိတ်ထဲတွင် ငြိမ်သက်နေသည်။ ယခင်က ဟေးယွဲ့နဲ့ သူ ပြောဆိုခဲ့သည်မှာ အိမ်မက်များအလား။

The Same L💗VE (completed )Where stories live. Discover now