part 74

1K 124 9
                                    

Unicode & Zawgyi

(Unicode)

တိုးညှင်း ဖျော့တော့လှသည့် အသံက အဆုံးမသတ်ခဲ့သော်လည်း ဝမ်ရိပေါ်၏ နားစည်ကိုတော့ ရိုက်ခတ်သွားခဲ့ပါ၏။

မူချင်းဖန် သူ့လက်ကို ရွံရှာသလို ခါထုတ်လိုက်ပြီး ...

"အသုံးမကျလိုက်တာ အသက်ရှင်
ခွင့်ပေးထားတာ အလကားပဲ..."

ဝမ်ရိပေါ် မျက်နှာက မှုန်မှိုင်းသွားခဲ့သည်။
မိမိ မြင်ခဲ့ရသည့် သူက ရှောင်းကျန့် မဟုတ်ခဲ့လျှင် ရှောင်းကျန့်က မည်သည့်နေရာတွင်နည်း။

ဝမ်ရိပေါ် ၏ ရွှေရောင် စူးတောက်နေသည့် မျက်ဝန်းတို့က မီးလျှံကဲ့သို့ လောင်ကျွမ်းလာတော့သည်။

"ရှောင်းကျန့် ဘယ်မှာလဲ..."

ဝမ်ရိပေါ်၏ လက်ထဲက စွမ်းအား အမြုတေတို့က ပို၍ လောင်ကျွမ်းလာခဲ့သည်။

"မင်း သေရင် ငါ ပြောပြမယ်..."

မူချင်းဖန် ၏ စွမ်းအား တို့ကလည်း ပေါက်ကွဲထွက်လာကာ လေထုထဲတွင် စွမ်းအား နှစ်ခု အပြင်းအထန် ရင်ဆိုင်နေကြသည်။

အချိန်ကြာမြင့်စွာ နှစ်ဖက် တိုက်ခိုက်မှုအောက်တွင် ဝမ်ရိပေါ် ဘက်က အရေးနိမ့်လာ၏။

မည်သို့ပင်ဆိုစေကာမူ ဝမ်ရိပေါ်၏ ဒီခန္ဓာသည်ကား လူသားခန္ဓာပင် ဖြစ်သည်မို့ စွမ်းအား အသုံးပြုနိုင်မှုကလည်း အကန့်အသတ်ရှိပေ၏။

ဝမ်ရိပေါ် ဆယ်ကြိမ်ကျော် တိုက်ခိုက်ပြီးနောက်တွင် ခန္ဓာကိုယ် ၌ သွေးတို့ အလိမ်းလိမ်း ဖြစ်နေပြီပင်။
အားအင်တို့ ယုတ်လျော့ကာ ခန္ဓာ အတွင်းရှိ သွေးကြောတို့ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားသကဲ့သို့ ခံစားနေရသည်။

လှောင်ပြုံးကို ချိတ်ဆွဲရင်း ဖြေးညှင်းစွာ နီးကပ်လာလျှက်ရှိသော မူချင်းဖန်၏ ခြေလှမ်းများအောက်တွင် ဝမ်ရိပေါ် တောင့်ခံနိုင်စွမ်း ဆုံးရှုံးလာ၏။

ဝမ်ရိပေါ် မှာ မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်ကျနေသည့်တိုင် မျက်ဝန်းတို့က ယခုထိ စူးရဲ တောက်နေပြီး အရှုံးမပေးလိုသည့် အင်အားတို့က ထင်ဟပ်နေသည်။

The Same L💗VE (completed )Where stories live. Discover now