part 82

1K 110 0
                                    

Unicode & Zawgyi

(Unicode)

ပွင့်အာလာသည့် မျက်ဝန်းတို့က တဖန် ပြန်၍ မှိတ်ကျသွားခဲ့သည်။

မျက်တောင်ဖျားလေးတွေက အနည်းငယ် တုန်ရီနေကာ မျက်ဝန်းထောင့်ကနေ မျက်ရည်စက်အချို့က ဖြည်းညှင်းစွာ လိမ့်ဆင်းကျလာပါ၏။

လိုက်ကာစွန်းကနေ တိတ်တခိုး ခိုဝင်နေပါ
သည့် အလင်းပျပျက ဖြူဖျော့နေသည့် မျက်နှာထက်၌ ထင်ဟပ်နေသည်။

အတွေးသဲ့သဲ့နဲ့အတူ ရင်ထဲက စူးရှမှုက အလိပ်လိုက်ဆန်တက်လာခဲ့သည်။

ဝမ်ရိပေါ် ဆေးမသွင်းထားသည့် တခြားလက်တစ်ဖက်ကို နှဖူးပေါ် ဖြည်းညှင်းစွာ တင်လိုက်ပြီး သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းထားရသည်။

ခန္ဓာကိုယ် ထဲရှိ သွေးတို့ အားလုံး ကုန်ဆုံးသွားသည့်အလား ခန္ဓာကိုယ် အတွင်းက အစိတ်အပိုင်း တစ်ခုစီကို တစ်စ စီ ဆွဲ ဖြုတ်နေသည့်အလား ခြေလက်တို့ကို သံချေးတက်နေသည့် ဓားနဲ့ တတိတိ ကိုက်ဖြတ်နေသည့်အလား မချိတင်ကဲ ဝေဒနာ တို့က ဝမ်ရိ​ပေါ် ခန္ဓာ တစ်လျှောက် ဖြတ်သန်းစီးဆင်းနေတော့သည်။

​နေအလင်းကနေ ကြယ်ရောင် လရောင် ပြောင်းသည်အထိ အနေ့နေ့အညည ကုန်ဆုံးသွားခဲ့သည်။

ဆေးရုံမှာ ရှိနေစဥ် တစ်လျှောက် လုံး
ဝမ်ရိပေါ် သူ့အခန်းတံခါးလေး ပွင့်အာလာတိုင်း ခန့်မှန်းမရသည့် မျှော်လင့်ချက်
တို့အပြည့်ဖြင့် ငေးမျှော်ကြည့်နေတတ်၏။

သို့သော်ငြား ဝင်လာသူထဲ သူမျှော်နေသူ မပါ... ။ သူ့မိဘတွေ သူ့လုပ်ဖော်ကိုင်ဖက်တွေ လူတိုင်း အားလုံး သူ့ထံ လူနာသတင်းမေး ရောက်လာကြ ပါရက်နဲ့ သူ တမ်းတနေရသူ အနှီ လူ တစ်ဦးတည်းသာ ပေါ်မလာခဲ့ပေ။

ဝမ်ရိပေါ်မှာ မျှော်လင့်ချက်ရေးရေးလေးဖြင့် အိမ်မက်ထဲ၌လည်း စောင့်မျှော်ပါ၏။

သို့သော်ငြား ပေါ်မလာခဲ့ပေ။

အချိန်သည်ကား တစ်ပတ်မျှ ကုန်ဆုံးသွားခဲ့သည်။

ဝမ်ရိပေါ် သည်လည်း ဆေးရုံက ဆင်းကာ သူအရင်နေခဲ့သည့် တိုက်ခန်းလေးသို့ ပြန်လာခဲ့သည်။

The Same L💗VE (completed )Where stories live. Discover now