part 85

1.1K 113 8
                                    

Unicode & Zawgyi

(Unicode)

အချိန် ၃ ရက်ကား ရှည်ကြာလှသည့် အချိန်အတိုင်းအတာ မဟုတ်ပေ။

ဝမ်ရိပေါ် စောင့်ဆိုင်းခဲ့ရသည့် ၃ ရက်တာကား လျှင်မြန်စွာပင် ရောက်ရှိလာခဲ့၏။

ကောင်းကင်ထက်၌ လမင်းက အရှိန်အဟုန် ပြင်းပြင်း တောက်ပလို့နေသည်။

ဝမ်ရိပေါ် လက်ထဲ၌ မိုးမခနွယ်လေးကို
ကိုင်ထားကာ ဘေး၌ လူငယ်လေး
တစ်ယောက်ရပ်နေလေသည်။

သူတို့ရှေ့၌မူ လွန်ခဲ့သည့် သုံးရက်က
ဝမ်ရိပေါ် တွေ့ဆုံခဲ့ရသည့် ရွှယ်ကျီ နတ်မင်းရှိလို့နေသည်။

သူတို့ ယခု ရှိနေသည့် နေရာကား မြို့ပြင်တောအုပ်ဖြစ်သည့်အတွက် လူခြေတိတ်ကာ သစ်ရွက်လေတိုးသံ သဲ့သဲ့သာ ကြားနေရသည်။

"အချိန် ရောက်ပြီ ငါတို့ စကြတာပေါ့..."

ရွှယ်ကျီ နတ်မင်းက ရှေ့သို့ တိုးလာကာ
ဝမ်ရိပေါ် လက်ထဲက မိုးမခနွယ်လေးကို
ယူလိုက်သည်။

ဝမ်ရိပေါ် ခေါင်းညိမ့်ကာ တုံ့ပြန်မှု ပြုလိုက်သည်။

သူတို့ရှိနေသည့် နေရာနဲ့ လူသားကမ္ဘာကို ကွာခြားစေရန် ရွှယ်ကျီက  နယ်မြေခြား
အစီအရင်ကို အရင် တည်ခင်းလိုက်သည်။

ယခုအခါ ကမ္ဘာနှစ်ခုက တစ်နေရာတည်း
ရှိနေသော်လည်း ခြားနားလို့သွားသည်။

သူတို့ပြုလုပ်နေသည့် အရာကို မည်သည့်လူသားမှ မြင်နိုင်ဖို့ရာ ဖြစ်တန်စွမ်း မရှိတော့ချေ။  

နယ်မြေနှစ်ခုကို ခြားနားပြီးနောက် ပြန်လည် သန္ဓေတည် အစီအရင် ကို ခင်းကျင်းကာ မိုးမခနွယ်လေးကို အစီအရင်၏ အလယ်၌ ထားရှိလိုက်သည်။

"ငါတို့ မစခင် မင်းကို မှာထားဖို့ လိုတယ်... နာကျင်မှုက မင်းတွေးထားတာထက် ပိုလိမ့်မယ်...ဒါပေမဲ့ မင်းအသိလွတ်သွားလို့ မရဘူး....ငါ့ဘက်က နတ်ဘုရား သွေးကြော ဆွဲထုတ်နေချိန်မှာ မင်း အသိရှိနေဖို့ လိုတယ်..."

"ကျွန်တော် နားလည်ပြီ..."

ဝမ်ရိပေါ်က တုံ့ဆိုင်းခြင်း မရှိ ပြန်တုံ့ပြန်လာသည်။

The Same L💗VE (completed )Where stories live. Discover now