part 49

1.5K 155 15
                                    

Unicode & Zawgyi

(Unicode)

"ဖယ်စမ်း..... "

ရှောင်းကျန့် သူ့ကို ဖက်တွယ်လာသည့်
ဝမ်ရိပေါ်၏ လက်နှစ်ဖက်ကို ရိုက်ထုတ်လိုက်သည်....

"အာ....ကျွန်တော် က ဝမ်းသာလို့ ဖက်တာလေးကို....."

"......."

'ဒီလဒမိုင် မိုင်သွားတဲ့ မျက်နှာက ဘာတုန်း...."

ရှောင်းကျန့် ဝမ်ရိပေါ် မျက်နှာသွင်ပြင်ကြောင့်
ပြောစရာပင်မရှိတော့သလို ခံစားလိုက်ရသည်....

"ရှောင်းကျန့်က ကျွန်တော့်အပေါ် နည်းနည်း လေးမှ ခံစားချက်မရှိဘူးလားဟင်...."

"......."

'ငါ ဘာပြန်ပြောရမှာတုန်း ရှိတယ်လို့လား..မရှိဖူးလို့လား.."

"ရှောင်းကျန့် ကျွန်တော် တကယ်ချစ်တာပါ.....
အရင်တုန်းက လူပျိုပေါက်အရွယ် စိတ်လှုပ်ရှားဖူးတာတွေ ရှိပေမဲ့ တစ်ခါမှ မချစ်ခဲ့ဖူးပါဘူး.....ရှောင်းကျန့်နဲ့ တွေ့ပြီးမှ ကျွန်တော့် နှလုံးသား ပြောင်းလဲသွားတာ..... ကျွန်တော့်နှလုံးသားက အရင်က မြက်ခင်းပြင်ပဲ ရှိပေမဲ့ အခုတော့ နွေဦးရောက်လာသလိုပဲ ပန်းခင်းတွေ ဝေ ဆာနေပြီ....ရှောင်းကျန့်...သိလား...ကျွန်တော် လေ....ကျွန်တော် နှလုံးသားထဲက ပန်းခင်းကြီး ညိုးနွမ်းသွားမှာ မလိုလားဘူး....ရှောင်းကျန့်.... ကျေးဇူးပြုပြီး ခင်ဗျား ကျွန်တော့်နှလုံးသားရဲ့
ဥယျာဥ်မှူး ဖြစ်ပေးပါလား....ရှောင်းကျန့်သာ ရေလောင်းပေါင်းသင် ပေးရင် ကျွန်တော် ယုံကြည်တယ်....ကျွန်တော့်နှလုံးသားကြီးက အမြဲတမ်းနွေဦးဖြစ်နေပြီး ပန်းတွေဝေ ဆာနေမှာ...ရှောင်းကျန့် ကျွန်တော့်နှလုံးသားရဲ့
ဥယျာဉ် မှူးဖြစ်ပေးပါလားဗျာ......"

"ရိပေါ် ငါတို့က မတူညီဘူးလေ....လူ့ဘုံမှာ လူ့ဘုံ စည်းကမ်းရှိသလို ကောင်းကင်ဘုံမှာလည်း ရှိတယ်.... အကယ်၍ စည်းကမ်းဖောက်ခဲ့ရင် ဘယ်လို အပြစ်ဒဏ်တွေ လာမလဲရော မင်းသိလို့လား.....အကယ်၍ ငါက ကိစ္စ မရှိဘူးထား....မင်းရော တောင့်ခံနိုင်မှာတဲ့လား....ဒီလိုတွေ ပေးဆပ်ရမဲ့ တန်ဖိုးကြီးမားနေတာတောင်မှ ငါ့ကို မင်းဘဝရဲ့ ဥယျာဉ် မှူးဖြစ်စေချင်နေသေးတာလား...."

The Same L💗VE (completed )Where stories live. Discover now