part 37

1.8K 218 13
                                    

Unicode & Zawgyi

(Unicode)

"ကျွန်တော် ဘာလုပ်လို့လဲ "
ဟု ပြန်မေးနေသည့် အနှီ ဝမ်ရိပေါ်၏ မျက်ခွက်အား ရိုက်ပစ်ချင်စိတ်ကို ရှောင်းကျန့်မနည်း ထိန်းနေရသည်။

"ဖယ်စမ်း.... စကားပြောတာ ရိုးရိုးပြော...ငါ့အသားကို မထိစမ်းနဲ့...."

ရှောင်းကျန့်မှာ သူ့ခန္ဓာကိုယ် က ပူနွေးမှုကို ခံစားလာရသောကြောင့် ဝမ်ရိပေါ် ကို တွန်းထုတ်ရင်း ပြောလိုက်သည် ။

"ငါ ဘာလို့ ဒီလောက် ပူနေရတာလဲ....လူသားခန္ဓာဆိုတော့ ဖျားချင်နေတာ များလား...."

ရှောင်းကျန့် သူ့ကိုယ်သူ ပြန်လည် မေးခွန်းထုတ်နေမိသည်။

သို့သော် ရှောင်းကျန့်၏ တွန်းထုတ်မှုသည်ကား
အရာမဝင်ချေ။

"ထိရုံလေး ထိတာ ...အသားပဲ့ပါသွားတာလည်း မဟုတ်ပဲနဲ့...."

"ဟုတ်တယ်... ငါ့အသား ပဲ့ပါသလို ခံစားရတယ်...လွှတ်ပေးစမ်း...ဝမ်ရိပေါ်...."

ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် အပြန်အလှန် စကားပြောနေခိုက် ရုတ်တရက် တံခါးဖွင့်သံ ကြားလိုက်ရ၍ နှစ်ယောက်လုံးရဲ့အကြည့်တွေက တံခါးဆီ ဦးတည် လိုက်သည်။

အခန်းတံခါးဝမှာ ရပ်နေသည်က မူချင်းဖန်.....

"အာ...ကျွန်တော် မသိလိုက်လို့ပါ.... တောင်းပန်ပါတယ်..... "

မူချင်းဖန် မျက်နှာ တစ်ခုလုံး ထူပူ၍ နီရဲနေသည်။
သူသည်ကား အချိန်မှား၍ ရောက်လာခဲ့မိပြီပင်။
မည်သည့်အတွက် ကြောင့် ထိုနှစ်ယောက် ပူးကပ်ကျီစယ်နေချိန်မှ မိမိမှာ ရောက်လာမိရသနည်း။

မူချင်းဖန် ထူပူနေ၍ သူ့လာရင်း ကိစ္စ မေ့သွားသည်။သူ အားကျိကို မတွေ့၍ အားကျိအကြောင်း မေးရန် လာခဲ့သော်လည်း နှုတ်ဆိတ်လျှက်သာ ထိုအခန်းထဲက ပြန်ထွက်လာခဲ့ရသည်။

"ဝမ်ရိပေါ်..... သူများတွေ မြင်ကုန်ပြီ....မင်း ငါ့သိက္ခာ ကို စော်ကားနေတာပဲ....ပြောစရာ ရှိတာ မြန်မြန်ပြော အီလေးဆွဲမနေနဲ့...."

ရှောင်းကျန့် ပြောလိုက်သည် ။ယခု မူချင်းဖန် ရောက်လာသည်။နောက်ထပ် မည်သူ ထပ်ရောက်လာမည်နည်း မပြောနိုင် ။ထိုအကောင်က ဤကဲ့သို့ ဆက်လုပ်နေလျှင် သူ့သိက္ခာတော့ သွားပြီပင်။

The Same L💗VE (completed )Where stories live. Discover now