part 70

1.1K 116 8
                                    

Unicode & Zawgyi

(Unicode)

ဝမ်ရိပေါ် မှာ စိတ်ပျက်စွာ ထိုင်ချရုံမှ တစ်ပါး ရွေးစရာ မရှိပြီ။

အနှီသူ ပြောသွားခဲ့သည့် နတ်ဘုရားမျက်ရည်စက် ကို သူ ရှောင်းကျန့် နဲ့ ဟေးယွဲ့တို့ ပြောသည်ကိုသာ  ကြားဖူးသည်။

ရှည်လား ဝိုင်းလား ပြားလား လေးထောင့်လား သူ ကွဲကွဲပြား ပြား မသိပေ။ သူကိုယ်တိုင် မြင်ဖူးခြင်း မရှိသည့် အကောင်အထည်မဲ့ ပစ္စည်း ကို မည်သည့် နေရာက ဆွဲထုတ်ရပါမည်နည်း။

ဝမ်ရိပေါ် လက်နဲ့ မျက်နှာပြင်ကို ခပ်ကြမ်းကြမ်း ဆွဲပွတ်လိုက်သည်။

သူ စဉ်းစားရမည်။ တွေ့အောင် ရှာမှ ရမည်။
သူ မတွေ့ဖူးသည့်.... မဟုတ်သေးဘူး သူတွေ့ဖူးသည်။ ထိုအရာကို သူ တွေ့ဖူးသည်။ ယခင်တစ်ခါ အိမ်မက်ထဲမှာတုန်းက မြင်မက်ခဲ့ဖူးသည်။ ပုံသဏ္ဍာန် ထင်ထင်ရှားရှား မရှိပါဘဲ အလင်းစက်လေး သဏ္ဍာန် သာ တွေ့မြင်ခဲ့ရပေမဲ့ သူတွေ့ဖူးသည်။ ထိုသို့ဆိုလျှင် သူ ရှာဖွေလို့ ရနိုင်ပါသေးသည်။

ဝမ်ရိပေါ် ရှာဖွေရန် ထရပ်လိုက်ပြီးမှ သူ့ကိုယ်သူ လှောင်ပြောင်မှု အချို့နဲ့ အတူ စိတ်ပျက်သွားသည်။

မည်သို့သော အင်အားနဲ့လဲ။ စွမ်းအားဆိုတာ မြူတစ်မှုန်မှ သူ မခံစားမိ။ အကယ်၍ နတ်ဘုရား မျက်ရည်စက်ကို သူရှာတွေ့လျှင်တောင် ထိုပစ္စည်းနဲ့ လဲလှယ်ဖို့ လေထဲမှာ အမှုန်အမွှား အဖြစ် ပျောက်ကွယ်သွားသူထံ မည်သို့ လိုက်လံ ရှာဖွေရမည်နည်း။

ယခု အချိန်မှာ ဝမ်ရိပေါ် သူ့ကိုယ်သူ ပထမဆုံး စိတ်ပျက်မှုပင်။ ချစ်ရသူပေါ် ကာကွယ်နိုင်စွမ်း မဲ့နေသည့် အားနည်းသည့် လူသားတစ်ယောက် ဖြစ်နေသည့် သူ့ကိုယ်သူ ပထမဆုံးအကြိမ် မုန်းမိခြင်းနဲ့ စိတ်ပျက်မိခြင်းပင်။

အကယ်၍ သူ့နေရာမှာ ဟေးယွဲ့ဆိုရင်ရော...ကယ်တင်နိုင်မှာလား?။သူ့ရင်ထဲက သံသယ မေးခွန်းက ပေါက်ဖွားလာသည်။

"ဝမ်ရိပေါ်...ဝမ်ရိပေါ်...ဘယ်လို ရူးနှမ်းနှမ်းတွေ လဲ ကွာ.....မင်းအနေနဲ့ တတ်နိုင်သလောက်... မဟုတ်ဘူး အစွမ်းကုန်
အသွေး အသားကို စွန့်လွှတ်သင့်ရင်တောင်
စွန့်လွှတ်ရမှာ... "

The Same L💗VE (completed )Where stories live. Discover now