part 86

1.1K 117 6
                                    

Unicode & Zawgyi

(Unicode)

ဝမ်ရိပေါ် သူ၏မျက်ခွံတို့ ပြန်လည် ဖွင့်လှစ်လာချိန်၌ အလင်းရောင်တို့က စူးရှစွာ ဝင်ရောက်လာသည်။

ဝမ်ရိပေါ် သူ့မျက်လုံးရှေ့ လက်ဝါးနဲ့ ကာလိုက်ပြီး သူ ပြန်လည် ခေါ်ယူထားသည့် သူနဲ့သာ သက်ဆိုင်တော့သည့် သူလေးကို လိုက်ရှာနေမိသည်။

ဝမ်ရိပေါ် သူ့မျက်ခွံတို့ ပိတ်ကျမသွားခင်
ရွှယ်ကျီ ပြောခဲ့သည့် စကားတို့က သူ့ခေါင်းထဲ၌ ရေးတေးတေး ပြန်လို့ ပေါ်လာသည်။

ယခင်နေ့ည...

"အခု အရာအားလုံး ပြီးဆုံး ခဲ့ပြီ...မင်းတို့ ပေါင်းဖက်နိုင်ဖို့ ငါ ဆုတောင်းပေးပါတယ်... "

ရွှယ်ကျီက ရှောင်းကျန့်ထံ လက်နှစ်ဖက်ယှက်လျှက် နှုတ်ဆက်ကာ ပြောလာသည်။

ရှောင်းကျန့်မှာ ထိုသူ လုပ်သည့်အတိုင်း နှုတ်ဆက်ကာ ဂါဝရ ပြုလိုက်သော်လည်း သူ့ရှေ့က ထိုလူကို သူမရင်းနှီးပေ။

ယခု သူ့အနားတွင် ရှိနေသည့် လူ သုံးယောက်ထဲတွင် သူရင်းနှီးသည်က သူ့နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း မှတ်မိနေပါသည့် ထွင်းထုလို့ထားပါသည့် ဒဏ်ရာ ဗရာပွ ဖြစ်နေလို့
သည့် ဝမ်ရိပေါ် တစ်ယောက်ထဲကိုသာ။

ရှောင်းကျန့်၏ စိမ်းသက်သက် အမူအယာကို ရွှယ်ကျီက ကြိုတင်ခန့်မှန်းထားသည့်အလား တုံ့ပြန်လာ၏။

"မျှော်လင့်ထားတဲ့အတိုင်း စွဲလမ်းတဲ့ အသိဉာဏ်တစ်ခုကိုပဲ သူချန်ထားခဲ့တာပဲ...အရာအားလုံး ကို သူ မမှတ်မိတော့ဘူး... "

ဝမ်ရိပေါ်အကြည့်တို့က ထိုသူနှစ်ယောက် အကြား လူးလာခတ်နေသည်။ ဘာကို စွဲလမ်းတဲ့အသိဉာဏ်လဲ။ ဘာကို အရာအားလုံး မေ့သွားတာလဲ။ ဒါဆို သူ့ကိုပါ ရှောင်းကျန့်က မေ့သွားပြီလား။

"မစိုးရိမ်ပါနဲ့...သူ မင်းကို မမေ့ပါဘူး..."

ရွှယ်ကျီ၏ ထိုစကားက ဝမ်ရိပေါ်ရဲ့ နှလုံးသားလေးကို ​ငြိမ်သက်သွားအောင် လုပ်နိုင်သွားသည်။ တော်သေးသည်။ သူ့ကိုမမေ့ဘူး။မမေ့ဘူးတဲ့။

"သူက အခုချိန်က စပြီး နတ်ဘုရားလည်း မဟုတ်တော့သလို သုံးလောကနဲ့လည်း မသက်ဆိုင်တော့ဘူး... သူက မင်းနဲ့ပဲ သက်ဆိုင်တော့တယ်.... မင်းရဲ့အသွေးအသားက သူ့ရဲ့ အသွေးအသားပဲ.. မင်းတို့နှစ်ယောက် ရဲ့ တည်ရှိမှုက အတူတူ ဖြစ်သွားပြီ... မင်းရှိရင် သူရှိမယ်... မင်း သေဆုံးရင် သူပါ သေဆုံးလိမ့်မယ်....ဘာလို့ဆို သူက မင်းရဲ့နတ်ဘုရား သွေးကြောနဲ့ အသွေးအသားတို့ တည်ဆောက်ထားရတာမို့လို့ပဲ..."

The Same L💗VE (completed )Where stories live. Discover now