part 18

2.6K 302 13
                                    

Unicode&Zawgyi

(Unicode)

"ဒါ ဟိုကောင် လုပ်သွားတာလား... "

"မြင်တဲ့အတိုင်း ပဲလေ...."

ရှောင်းကျန့်....စကားအကောင်း ဖြေလိုစိတ်
မရှိသည့်အတွက် ဘုဂလန့်သာ ပြန်ဖြေလိုက်သည်....

ဝမ်ရိပေါ် မျက်နှာက ရှောင်းကျန့် အဖြေစကားကြောင့် ပို၍ မှုန်မှိုင်းသွားသည်....

"မြင်တယ်လေ... ဒါပေမဲ့ သူက ဘာလဲ... ဘယ်သူလဲ... ဘာကြောင့် မင်းကို အခုလို ပြုမူသွားတာလဲ.....ပြီးတော့ မင်းတို့နှစ်ယောက်ကြားက ပတ်သက်မှုက ဘာလဲ...."

"တအားစကားများတာပဲ.....ငါ ဘယ်လို သိမှာလဲ....ဝမ်ရိပေါ် မင်းလိုပဲ ငါလဲ သိချင်နေတာပဲ...."

ရှောင်းကျန့် စိတ်အခြေအနေသည်ကား မုန်တိုင်းထန်နေသည့် ပင်လယ်ပြင်လို တည်ငြိမ်မှုမရှိဖြစ်နေသည်....

ဝမ်ရိပေါ် လက်သီးကိုသာ တင်းတင်းဆုပ်လိုက်ပြီး သူ့ကိုယ်သူ အတွင်းစိတ်ထဲက သတိပေးနေမိသည်....

"ဝမ်ရိပေါ်...ဝမ်ရိပေါ် အသိကပ်စမ်း... ဘာလို့ သူ့ဆီက ဖြေရှင်းချက် ပေးလာဖို့ မျှော်လင့်နေရတာလဲ..သူလုံခြုံရင် ရပြီ...ကျန်တာ သူ့ကိုယ်ရေးကိုယ်တာ ငါနဲ့မဆိုင်ဘူး....ငါ ချင်းရှုကို ကတိပေးထားတာက သူ့ကို စောင့်ရှောက်ပေးရုံပဲ..."

"ဒါနဲ့ ခုနက မင်းဘာလို့ အဲ့ကောင်ကို မပစ်တာလဲ..."

ရှောင်းကျန့် အဲ့ကိစ္စကို မကျေနပ်....

တကယ်ဆို ဝမ်ရိပေါ်သာ အဲ့ မိစ္ဆာ ကောင်ကို ပစ်လိုက်ရင် သူစောစောလွတ်မြောက်နိုင်သည်....

အခုကဲ့သို့ အကိုက်ခံရမည်မဟုတ်....

"မင်းတို့နှစ်ယောက်က လေတောင်မတိုးနိုင်အောင် ဒီလောက်နီးကပ်နေတာ...ငါသာ ပစ်လိုက်ရင် မင်းကိုပါ ထိခိုက်မိမှာ စိုးရိမ်လို့...."

ဝမ်ရိပေါ် ထိုအချိန်က တကယ်လည်း ရှောင်းကျန့် ကို စိုးရိမ်သည့်အတွက် မပစ်နိုင်ခဲ့ခြင်းပင်...

"စားလို့ရပြီလား... "

"ဟမ်..."

ရှောင်းကျန့် ၏ အဆက်အစပ်မရှိ
မေးခွန်းကြောင့် ဝမ်ရိပေါ် ကြောင်သွားသည်...

The Same L💗VE (completed )Where stories live. Discover now