part 78

1K 115 6
                                    

Unicode & Zawgyi

(Unicode)

"သာမန်လူသား သာသာလောက်ပဲ ရှိတော့တဲ့ မင်းတို့နှစ်ယောက် က ငါ့ကို အပြတ်ရှင်းမယ်... လောကမှာ မဖြစ်နိုင်ဆုံးစကားကို ကြားလိုက်ရသလိုပဲ..."

မူချင်းဖန် ၏ အကြည့်တို့က ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

သေမှာ မကြောက်တော့သည့် အရာအားလုံးကို စွန့်လွှတ်ကာ ရန်ငြိုးကိုသာ ဆုပ်ကိုင်လိုက်သူ၏ ဒေါသကား အမှန်ပင် ကြောက်မက်ဖွယ်ရာ အတိ။

မူချင်းဖန် ကား အားလုံးကို စွန့်လွှတ်လိုက်ဟန်ရ၏။

သူ့ကို ဝါးမြိုချင်နေသည့် နတ်ဆိုးစွမ်းအား တို့ကို ခုခံခြင်း အလျှင်းကင်းမဲ့ကာ လွတ်လွတ်လပ်လပ် ပင် ဝါးမြိုခွင့်ပေးလိုက်ချေတော့သည်။

အရှင်သခင် ဖြစ်ခွင့်ကို လက်လျှော့ကာ ကျေးကျွန် ဖြစ်ဖို့ ရွေးချယ်လိုက်ချေပြီ။

အမှောင်စွမ်းအား၏ ကျေးကျွန် ဖြစ်လျှင်တောင် ဂရုမပြုတော့ဘဲ မူချင်းဖန် မှာ သူ့ရှေ့က အနှီလူနှစ်ယောက်ကို မရဏ တံခါးသို့ ပို့ပေးဖို့ရာ အလျှင်လိုနေဟန်ရသည်။

"ငါသေရင်တောင် မင်းတို့ကို အတူဆွဲခေါ်သွားမယ်..."

မူချင်းဖန် အမှောင်စွမ်းအားတို့ကို ဖြန့်ကျက်လိုက်လေ၏။

အမှောင်စွမ်းအားတို့မှာ နှစ်ရှည်လများ ငတ်ပြတ်နေခဲ့သည့် သားရဲများအလား သူတို့၏ နောက်ထပ် အစာရှိရာသို့ အမြန် ပြေးကြလေသည်။

လူသားတို့၏ လောဘ ၊ အတ္တ ၊ မကျေနပ်မှု ၊ ကြောက်ရွံ့မှု ထိုအရာတို့သည်ကား လူသားတို့ကို အဖျက်စီးနိုင်ဆုံးနဲ့ အမှောင်စွမ်းအားတို့၏ အနှစ်သက်ဆုံး သရေစာပင်။

လူအများအပြားမှာ တစ်ယောက် နဲ့ တစ်ယောက် ဝင်တိုက်မိတာ က အစပြုလို့ ထိုးကြိတ် ရန်ဖြစ် သတ်ဖြတ်တဲ့ အထိ ဖြစ်လာကြ၏။ လူသားတို့၏နှလုံးသားထဲက နတ်ဆိုးသည်ကား နည်းနည်းလေး လှုပ်နှိုးပေးဖို့သာ လိုအပ်ပါ၏။

ကမ္ဘာလောကကြီးသည်ကား ယခု အခါ ကမ္ဘာပျက်ကိန်းဆိုက်သည့်အလား ပရမ်းပတာ ဖြစ်တည်နေခဲ့သည်။

The Same L💗VE (completed )Where stories live. Discover now