part 32

2K 238 15
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့် ထိုကဲ့သို့ ခေါင်းရှုပ်စရာ ဖြစ်လာစေရန် မရည်ရွယ်မိပေ....

"ရိပေါ်ကို အစိုးရိမ်လွန်နေတာနဲ့ ဒီအရူးကို မေ့သွားတယ်..... ငါ ဘယ်လို လုပ်သင့်လဲ....
မှတ်ဉာဏ် ဖျောက်လိုက်သင့်လား.....မဖြစ်ဘူး....လူသားတစ်ယောက်ကို နတ်စွမ်းအင် အသုံးများရင် ထိခိုက်စေလိမ့်မယ်.... ငါ ပြောပြလိုက်သင့်လား...."

ရှောင်းကျန့် ဝမ်ရိပေါ်၏ မေးခွန်း ကို ပြန်မဖြေအားပေ.....သူတစ်ယောက်တည်း အတွေးများနေသည်....

"ရှောင်းကျန့်....ကျေးဇူးပြုပြီး ကျွန်တော့် ကို ပြောပြနိုင်မလား....."

ဝမ်ရိပေါ် ထပ်မံ စကားဆိုလိုက်သည်....

ရှောင်းကျန့် ထိုအခါမှ အတွေးထဲက လွတ်ထွက်သွားသည်....

ရှောင်းကျန့် သက်ပြင်းချလိုက်ပြီး...

"ဟေးယွဲ့....မင်းဒီနေရာမှာ ရှိမနေသင့်တော့ဘူး....မင်းကြောင့် မလိုလားတဲ့ ပြသနာတွေ ဖြစ်လာပြီ...."

ရှောင်းကျန့်...ဟေးယွဲ့ကို ပြောလိုက်သည်...

ဟေးယွဲ့ အချိန်အတော်ကြာထိ ရှောင်းကျန့်ကို စိုက်ကြည့်နေခဲ့ပြီးမှ ကောင်းပြီ ဟု တစ်ခွန်း သာ ပြောပြီး ထိုနေရာမှ ထွက်သွားခဲ့သည်...

ယခု အချိန်တွင် အခန်းထဲ၌ ရှောင်းကျန့်နဲ့
ဝမ်ရိပေါ် နှစ်ယောက်သာ ကျန်ရှိသည်....

"ရိပေါ်....အခု ဖြစ်ပျက်နေတဲ့ ကိစ္စ တွေက မင်း လက်ခံဖို့ ခဲယဥ်းမယ် ဆိုတာ ငါသိတယ်....ငါ သိသလောက် မင်းကို ပြောပြလို့ရတယ်.... ဒါပေမဲ့ အချို့ကိစ္စတွေက ရှုပ်ထွေးနေဆဲပဲ...."

"....."

ဝမ်ရိပေါ် ဘာမှ မပြော... ခေါင်းသာ ငြိမ့်ပြလာသည်....

"ခုနက မင်းမြင်လိုက်တဲ့ မင်းနဲ့ တစ်ပုံစံတည်း တူတဲ့လူက ဟေးယွဲ့.....သူက ငါတို့နှစ်ယောက် လုံးနဲ့ လုံးဝ မတူညီဘူး...ကောင်းကင်ဘုံကလည်း မဟုတ်သလို လူသားကမ္ဘာကလည်း မဟုတ်ဘူး....မင်းတို့နှစ်ယောက် ဘယ်လို တူနေတာလဲ...ပြီးတော့ ဘာလို့ မတူညီတဲ့လောကမှာ ရှိနေတာလဲ ငါလည်း မပြောတတ်ဘူး....ငါသိထားတာက အနည်းအကျဥ်းရယ်....ဒီထက် ပို မပြောပြတတ်ဘူး....."

The Same L💗VE (completed )Tahanan ng mga kuwento. Tumuklas ngayon