part 43

1.6K 191 12
                                    

Unicode & Zawgyi

(Unicode)

"နှင်းတောင် နတ်ကြာပန်း လား...!"

ရှောင်းကျန့် အားကျိကို မေးလိုက်သည်။

အားကျိ ခေါင်းညိတ်လျှက် ပြန်ဖြေလိုက်သည် ။

"....."

ရှောင်းကျန့် အားကျိ ထံမှ မှန်ကန်ကြောင်း အတည်ပြုပြီးသည်နှင့် မျက်နှာက ပိုလို့ သုန်မှုန်သွားခဲ့သည်။

ရှောင်းကျန့်၏ မျက်နှာသွင်ပြင်ပြောင်းလဲမှု
ကြောင့် ဟေးယွဲ့ အနည်းငယ် ဘဝင်မကျတော့ပေ။

ရှောင်းကျန့် သာမက အားကျိသည်လည်း တိတ်ဆိတ်နေခဲ့သည်။ပုံမှန် တစ်ခွန်းမကျန် ပြန်ပြောတတ်သည့် အနှီ မှော်သားရဲ က တိတ်ဆိတ်နေကာ ရှောင်းကျန့်သည်လည်း အမေးအဖြေ စကားအပြင် ပိုမပြောပေ။

"နတ်တောင် နှင်းကြာပန်းက ပြဿနာ ရှိလို့လား..."

ဟေးယွဲ့ ...ရှောင်းကျန့် ကို မေးလိုက်သည် ။

"ဘာပြဿနာရှိရမှာလဲ....."

ရှောင်းကျန့် အပြုံးလေးနဲ့ ပြန်ဖြေလိုက်သည် ။

ဟေးယွဲ့... ရှောင်းကျန့် နဲ့ နီးကပ်စွာ ရှိနေသမျှ ကာလပတ်လုံး တစ်ခါမှ ရှောင်းကျန့် ၏ အပြုံးကို မြင်ရခြင်းမရှိခဲ့ပေ....အမြဲတမ်း ရှောင်းကျန့် က သူ့ကို ဘုကလန့်သာ ပြန်ဆက်ဆံတတ်သည်။

ယခုတော့ ရှောင်းကျန့် က ပြုံးပြနေသည်။
ထိုအနေအထားက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရည်ညွှန်းနေသည်။

"အားကျိ..... မင်းလည်း အနားယူတော့.... "

"ဟုတ်ကဲ့ သခင်...."

"ပြီးတော့ ဟေးယွဲ့....မင်းလည်း ဒီမှာပဲ ခဏနေလိုက်ပေါ့.....မင်းဒဏ်ရာမှ မသက်သာသေးဘဲ....
ငါ ရိပေါ်ကို အကျိုးအကြောင်း ပြောပြကြည့်လိုက်မယ်....မင်း ကို ဒီမှာ နေခွင့်ပေးဖို့...."

"အင်း... ကောင်းပြီလေ ကိုယ်က ကိုယ့်နတ်ဘုရားလေး သဘောပဲ...."

ဟေးယွဲ့ ပေါ့ပေါ့ပါးပါး ပင် ပြန်ဖြေလိုက်သည် ။
တစ်ခုခု ဖုံးကွယ်ထားသည်ဟု ထင်နေမိသော်လည်း ဟေးယွဲ့အနေနဲ့  ရှောင်းကျန့် မပြောချင်မှတော့  အတင်းမမေးချင်တော့ပေ....

The Same L💗VE (completed )Where stories live. Discover now