part 36

1.8K 214 8
                                    

Unicode & Zawgyi

(Unicode)

"ရှောင်းကျန့်.... "

ဝမ်ရိပေါ်... သူ့ရှေ့က ယောကျာ်း တစ်ယောက် ကို ပွေ့ချီပြီး သွားနေသော ရှောင်းကျန့် ကို ခေါ်လိုက်သည်။

သို့သော် ရှောင်းကျန့်က နောက်ပင် လှည့်မကြည့်ပေ....

ရှောင်းကျန့် သူ့အခန်းထဲ ဝင်လိုက်ပြီး အားကျိကို ခုတင်ပေါ် တင်လိုက်သည်။

ဝမ်ရိပေါ်...ရှောင်းကျန့်က သူ့ကို ပြန်အဖတ်မလုပ်သောကြောင့် နည်းနည်း တင်းသွားသည်။

"ရှောင်းကျန့်.... "

ဝမ်ရိပေါ် ထပ်ပြောလိုက်သည်...

"ရိပေါ်.... ရောက်လာတာ အတော်ပဲ.... မင်း အပြင်မှာ အခြားသူတွေကို ခဏ စောင့်ကြည့်ပေး
ထား....ဘယ်သူမှ မဝင်စေနဲ့....."

ရှောင်းကျန့် အသံက တည်ငြိမ်အေးဆေးနေသည်။အလျင်လိုခြင်းလည်း မရှိသလို နှေးကွေးတုံ့ဆိုင်းနေခြင်းလည်း မဟုတ်ပေ....

"မကြည့်ပေးနိုင်ဘူး.....အပြင်မှာ ဘယ်သူမှ ဝင်မလာအောင် စောင့်ကြည့်ခိုင်းထားပြီး မင်းတို့ ဘာလုပ်မလို့လဲ....."

ဝမ်ရိပေါ် ဘုဆတ်ဆတ် ဖြေလိုက်သည်....

"......"

ရှောင်းကျန့် ဘာမှ ပြန်မပြော... သူ လုပ်ရန် ရည်ရွယ်ထားသည့် အရာကိုသာ ပြန်လည် အာရုံစိုက်လိုက်သည်။

ရှောင်းကျန့် ဝမ်ရိပေါ် ကို စောင့်ကြည့်ခိုင်းရခြင်းက မူချင်းဖန် ရောက်ရှိလာမည် စိုးသောကြောင့်ပင်.....

သို့သော် အနှီ ဝမ်ရိပေါ်က ပြောရခက်နေသည်။
အမြဲတမ်း မိမိကို ကန့်လန့်တိုက်နေသည်။

ဒီတော့ လျစ်လျူ ရှုရုံပေါ့.....

ရှောင်းကျန့် သူ့ရဲ့ သစ်သားချီ အနည်းငယ်ကို အားကျိဆီ စီးဆင်းစေလိုက်သည်။

ရှောင်းကျန့်ဆီက စွမ်းအင် ကို လက်ခံရရှိမှသာ ဖြူဖတ် နွမ်းလျနေသည့် အားကျိမှာ အနည်းငယ် ပြန်လည် ကောင်းမွန်လာသည်။

အနောက်က ဝမ်ရိပေါ် မှာတော့ ထိုအဖြစ်အပျက်ကို အသေအချာ ဂရုတစိုက်နဲ့ ကြည့်နေသည်။

The Same L💗VE (completed )Where stories live. Discover now