part 23

2.3K 261 9
                                    

Unicode&Zawgyi

(Unicode)

"ဟုန်ဆဲ့ က ဘယ်ကကောင်လဲ.... "

ဝမ်ရိပေါ်... ဟေးယွဲ့ ကို ဂရုပြုခြင်းမရှိဘဲ
ရှောင်းကျန့်ကိုသာ ကြည့်ကာ မေးနေသည်....

"ရိပေါ်....မင်း ဒီကို ဘာလာ လုပ်တာလဲ...."

ရှောင်းကျန့် ဝမ်ရိပေါ် ကို မေးလိုက်သည်....

"ဒီမေးခွန်း ပိုင်ရှင် မှားနေတယ် မထင်ဘူးလား...
ကျွန်တော် မေးရမှာလေ....သန့်စင်ခန်း သွားမယ်ဆိုပြီး ဒီမှာ ဘာလာလုပ်နေတာလဲ...."

"ဘာလာ လုပ်ရမှာလဲ.... သူ့နှလုံးသားကို လာတွေ့တာလေ...."

ဟေးယွဲ့ ပြောလိုက်သည်....

ထိုအခါမှသာ ဝမ်ရိပေါ် မှာ ရှောင်းကျန့် အနီးတွင် တခြားသူရှိနေသည်ကို သတိရသွားသည်....

"မင်းက ဘယ်သူလဲ....??"

ဝမ်ရိပေါ်... ရှောင်းကျန့်ခန္ဓာကိုယ်ကို သူ့နောက်သို့
ဆွဲယူ ပို့လိုက်ရင်း သူ့ကို ကျောခိုင်းထားသည့် ဟေးယွဲ့ကို မေးလိုက်သည်.....

"ငါလား.....မင်း တကယ် ငါ့ကို သိချင်တာလား...."

ဟေးယွဲ့ ၏ ချောမောသည့်မျက်နှာမှာ အပြုံး ခပ်ထေ့ထေ့လေးရှိနေသည်...

"ဒီအသံကို ဘယ်မှာ ကြားဖူးပါလိမ့် ....တော်တော်ကို  ရင်းနှီးနေတယ်...."

ဝမ်ရိပေါ် ....ဟေးယွဲ့အသံကို တအား ရင်းနှီးလွန်း၍အတွေးများနေသည်...

"အပိုတွေ ပြောမနေနဲ့ ပုံစံကိုက လမ်းသရဲလိုလို.... ဘာလိုလိုပုံစံနဲ့ တစ်ကိုယ်လုံး လည်း အနက်ရောင် ဝတ်ထားသေး....ဆံပင်ကလည်း အရှည်နဲ့....ရှောင်းကျန့်... မင်း မျက်စိ မကောင်းဘူးလား.... ဒီလိုလူမျိုးနဲ့ တွဲနေသေးတယ်...."

ဝမ်ရိပေါ်  ဟေးယွဲ့  ကို ဝေဖန် ပြစ်တင်နေရာမှ ရှောင်းကျန့်ကို လှည့်ပြီး စကားစစ်ထိုးလိုက်သေးသည်....

ရှောင်းကျန့်မှာတော့ စိတ်ထဲကနေသာ ဝမ်ရိပေါ်ကိုမျက်ဖြူလှန်ပြနေမိသည်...

"ဝမ်ရိပေါ် ရယ် မင်းပြောတာထက် သူက ပိုချောပါတယ်....သူ့လို ပုံစံမျိုး မင်းသာ ပြင်ဆင်ကြည့်
မင်းအခု ကဲ့ရဲ့ ပြစ်တင်လိုက်တဲ့ စကားအတိုင်း ထွက်လာမှာ ကြည့်ချင်စရာတောင် ရှိမှာ မဟုတ်ဘူး...."

The Same L💗VE (completed )Where stories live. Discover now