part 17

2.5K 310 11
                                    

Unicode&Zawgyi

(Unicode)

"ကိုယ့်ရဲ့နတ်ဘုရား လေးက ဘာလို့ ကိုယ့်ကို စူးစူးရဲရဲ စိုက်ကြည့်နေရတာလဲ...ဘာလဲ ကိုယ့်ကို သဘောကျလို့လား..."

အနှီ မိစ္ဆာ သခင်ငယ်သည်ကား ရှောင်းကျန့်ကို စနောက်ရတာ အတော်ကို သဘောခွေ့နေပုံရသည်...

ရှောင်းကျန့် ...သူ့ရှေ့က မိစ္ဆာ မဟုတ် လူမဟုတ်ကို ကြည့်ပြီး အတော်လေး အမြင်ကပ်လာသည်...

"မိစ္ဆာ ရော လူရော နှစ်ကောင်လုံး တအား အမြင်ကပ်ဖို့ ကောင်းတယ်... "

ရှောင်းကျန့် သူ့ဘာသာ မှတ်ချက်ပြုမိသည်...

"ကိုယ်လေ နတ်ဘုရားတွေရဲ့ အသားအရေကို
မထိတွေ့ဖူးဘူး...အခုမှပဲ တကယ်ကို ထိတွေ့လို့ ကောင်းမှန်းသိတော့တယ်...."

အနှီ ဝမ်ရိပေါ်နဲ့တူသည့် မိစ္ဆာ ကောင်၏ လက်သွယ်သွယ်တို့က ပါးပြင်ကနေ တဖြည်ဖြည်း လည်တိုင်ဆီသို့ ရွေ့လျားလာသည်...

သူ့ရဲ့ ဖော့ဖယောင်းလို ပျော့ပျောင်းသည့် ထိတွေ့မှုက ရပ်ဆိုင်းမှု မရှိ ဆက်လက်ထိတွေ့နေဆဲပင်...

"ငါ့ကို လွှတ်ပေးစမ်း...မင်းသာ ယောကျ်ား ဆိုရင် ငါ့ကို လွှတ်ပေး...မိန်းမလိုမိန်းမရ ကောက်ကျစ်တဲ့ နည်း သုံးမနေစမ်းနဲ့... "

ရှောင်းကျန့် တကယ်ကို သည်းခံနိုင်စွမ်း ကုန်ဆုံးလာသည့်အတွက် အော်ဟစ် ပြောဆိုလိုက်သည်...

"ကိုယ်က မိစ္ဆာ လေ ကောက်ကျစ်တဲ့ နည်း သုံးတာ မမှန်လို့လား...ပြီးတော့ ကိုယ့်ရဲ့နတ်ဘုရား လေးကို အခုလို ချုပ်နှောင်ထားရတာ တအားသဘောကျတယ်... "

မိစ္ဆာ သခင်ငယ်၏ အသက်ရှုငွေ့နွေးနွေးတို့က
ရှောင်းကျန့် လည်တိုင်တစ်ဝိုက်ကို လူးလားဖြတ်သန်းနေသည်...

ရှောင်းကျန့် တဖြည်းဖြည်း ကြက်သီး ထလာသည်...

ရှောင်းကျန့် သူ့ရဲ့ နတ်စွမ်းအင်ကို လက်ဖျား၌ စုစည်းလိုက်ပြီး အနှီ မိစ္ဆာ သခင်ငယ်၏ အချုပ်အနှောင်စက်ကွင်းကို ဖျက်ဆီးနိုင်ဖို့ကြိုးစားနေသည်....

"ကြိုးစားမနေနဲ့.... ကိုယ်က ခဏကြာရင် လွှတ်ပေးမယ်...."

"မင်း ဘယ်သူလဲ.... "

The Same L💗VE (completed )Where stories live. Discover now