part 75

1.1K 111 6
                                    

Unicode & Zawgyi

(Unicode)

ဝမ်ရိပေါ်  ပြန်ဖြေ ဆိုနိုင်ခြင်း အလျှင်းမရှိတော့။

"အ..."

အသက်ကို ပြင်းပြစွာ ရှူရှိုက်ရင်း နောက်ဆုံးထွက်သက်၏ ရုန်းကန်မှုကိုသာ လှုပ်ရှားနေမိတော့သည်။

သူ့တွင် ရှိသည့် အားအလုံးစုံကို လက်အစုံထံ စုစည်း ပို့လိုက်ရင်း ဝမ်ရိပေါ် မှာ မိမိလည်မြိုပေါ်တွင်ရှိနေသည့်  မူချင်းဖန် လက်ကိုသာ ဖယ်ရှားရန် ကြိုးစားနေမိတော့သည်။

မူချင်းဖန် မှာမူ ဝမ်ရိပေါ်၏ အနှီလှုပ်ရှားမှုများက သူ့အတွက် ပုရွက်ဆိတ် ကိုက်နေသလောက် တောင် သက်ရောက်မှု မရှိသည့်အလား နှုတ်ခမ်းထက်တွင် အနိုင်ရသည့် အရှင်သခင်တစ်ပါး၏ အပြုံးက ထင်ဟပ်နေသည်။

ဝမ်ရိပေါ်မှာ တဖြည်းဖြည်း သူ့ခန္ဓာက မြေပြင်ကနေ မရွေ့ခံနေရသလို ခံစားလာရသည်။ သူခြေထောက်အစုံက လေထုကြားတွင် လစ်လပ်နေသည်။

ခန္ဓာကိုယ် အတွင်း သွေးဖိအားက ကျဆင်းလာသည်။
ဝမ်ရိပေါ် သူ့ရှေ့တွင် ဝိုးတဝါး ပုံရိပ်များကိုသာ မြင်တွေ့လာရသည်။

ကမ္ဘာ ကြီး တစ်ခုလုံးက ပတ်ချာလည်နေသည်။

ရှောင်းကျန့်က သူ၏ ရှေ့တွင် ရပ်ကာ လက်ကမ်းလျှက် ရှိနေသည်။

ဝမ်ရိပေါ် တဖြည်းဖြည်း သူ့လက်ကို ပင့်မြှောက်လျှက် ရှောင်းကျန့်ကမ်းလာသည့် လက်ကို ဖမ်းဆုပ်လိုက်သည်။

သို့သော် သူ လက်လှမ်းလိုက်ချိန်တွင် လေထုကို ဖမ်းဆုပ်မိလိုက်သည့်အလား ဘာကိုမျှ
မရလိုက်ချေ။

သူ့ကို စောင့်ဆိုင်းခြင်း အလျှင်း မရှိတော့ပဲ ထွက်ခွာသွားသည့် ကျောပြင်ကျယ်ကိုသာ ဖမ်းမဆုပ်နိုင် ကျန်ရစ်ခဲ့ရသည်။

မူချင်းဖန် ဖျော့တော့လှသည့် ဝိဉာဥ် အမျှင်ပါးလေးသာ ကျန်ရစ်တော့သည့် ဝမ်ရိပေါ် ခန္ဓာကိုယ် ကို မြေပြင်ထက် ပစ်ချလိုက်သည်။

မူချင်းဖန် သူ့အနေနဲ့ ဝမ်ရိပေါ်ကို လုံးလုံး သတ်မပစ်ချင်သေး ။ ​

ကြောင်က ကြွက်ကို ကစားသလို ကျီစားချင်သေးသည်။
ထိုအရာက ပို၍ ပျော်စရာကောင်းသည်။
ရှိသေးတာက ရှောင်းကျန့် သူလည်း မသေသေးဘူးမလား။

The Same L💗VE (completed )Where stories live. Discover now