part 39

1.7K 213 9
                                    

Unicode& Zawgyi

(Unicode)

စစ်ချင်းရှု ကလည်း သူနဲ့အတူ ရှောင်းကျန့်ကို ရှိနေစေချင်သည်။ဝမ်ရိပေါ်ကလည်း ရှောင်းကျန့် ကို သူနဲ့အတူ ပြန်လိုက်စေချင်သည်။

နောက်ဆုံး ရှောင်းကျန့် စစ်ချင်းရှုကို မနည်း ဖျောင်းဖျကာ ဝမ်ရိပေါ်နဲ့ အတူ ပြန်လိုက်ခဲ့ရသည်။

မဟုတ်လျှင် အနှီ ဝမ်ရိပေါ် က ပြောမရပေ။
မည်သည့်အရာတို့ ထုတ်ဖော်ပြောမည်ကို....

ဝမ်ရိပေါ် အနေနဲ့ ပျော်ရွှင်နေသည်။
ရှောင်းကျန့်က ဘာပဲဖြစ် ဖြစ် သူ့ကို ရွေးချယ်လိုက်သည်လေ။

ထိုနေ့ညအတွက်တော့ ထိုကိစ္စ အပြင် ထူးထွေမရှိခဲ့....

နောက်တစ်နေ့တွင် ရှောင်းကျန့် ဝမ်ရိပေါ်နဲ့အတူ ကျန်းရင် အိမ်ယာအမှုအတွက် စုံစမ်းရန် ရင်ခွဲရုံသို့ ရောက်လာသည်။

"ရှောင်းကျန့်....လာလေ....ဘာလုပ်နေတာလဲ...."

ရှောင်းကျန့်မှာ ရင်ခွဲရုံထဲကို မဝင်ဘဲ တွန့်ဆုတ်နေသောကြောင့် ဝမ်ရိပေါ် ပြောလိုက်သည် ။

"ငါ ဒီလို အနံ့အသက်မကောင်းတဲ့ နေရာကို မကြိုက်ဘူး....."

"မကြိုက်လည်း.... ရှောင်းကျန့် ကတိပေးပြီးသားနော်....ကတိဖျက်ချင်လို့လား...."

"ငါ မဝင်ဘူးလို့ ပြောမိလို့လား..."

ရှောင်းကျန့် အလိုမကျ မှုန်တေတေနဲ့ပဲ ရင်ခွဲရုံထဲ ဝင်သွားသည်။

ရင်ခွဲရုံရှိ တာဝန်ကျ ဆရာဝန်က ဝမ်ရိပေါ်တို့ အလိုရှိသည့် နေရာကို ခေါ်သွားပေးသည်။

"စုံထောက်ဝမ် ကျွန်တော် ကူညီဖို့ လိုအပ်သေးလား...."

တာဝန်ကျ ဆရာဝန်က မေးလိုက်သည် ။

"ရပါပြီး ဒေါက်တာ... ကျွန်တော် တို့ တစ်ခုခု လိုအပ်ရင် ခေါ်လိုက်ပါမယ်...."

ဝမ်ရိပေါ် ရင်ခွဲရုံက တာဝန်ရှိသူ ဆရာဝန် ကို ပြောလိုက်သည် ။

ယခု ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်သည်ကား ခွဲစိတ်ခုတင်ပေါ်တွင် တင်ထားသည့် အေးစက်သည့် အလောင်းတစ်လောင်းရှေ့၌ ရပ်နေကြသည်။

The Same L💗VE (completed )Onde histórias criam vida. Descubra agora