Episode ~ 1

2.9K 141 14
                                    

ပြတင်းပေါက်ကနေတဆင့် ထိုးကျလာသည့် ခပ်နွေးနွေးနေရောင်ခြည်လေးက အခန်းငယ်လေးရဲ့ဖွဲ့စည်းပုံကို ထင်းလင်းစေသည် ။

အခန်းပတ်ပတ်လည်တွင် ပိတ်စအဖြူအုပ်ထားသည့် ပန်းချီကားပေါင်း မြောက်မြားစွာ
ရှိနေပြီး ပန်းချီကား တစ်ကားကို ရေးဆွဲနေသည့် လူတစ်ယောက်လည်း အခန်းငယ်လေးထဲမှာ ရှိနေသည် ။

အသေးစိတ်ရေးဆွဲ​သည့် ထိုပန်းချီကားလေးက ပန်းတစ်ပွင့် ဖြစ်ဟန်တူပြီး အကြမ်းဖျင်း
ရေးဆွဲထားရုံသာ ရှိသေးသည် ။

ဖုန်းမြည်သံက ဆိတ်ငြိမ်နေသည့်အခန်းငယ်လေးရဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည် ။

ဂျောင်းဂုက ရေးဆွဲနေသည့် စုတ်တံကို ခုံပေါ်မှာ ချထားလိုက်ပြီး ဖုန်းကိုင်လိုက်သည် ။

" ဟယ်လို "

" သားရေ...ရောက်ခါနီးပြီလား ။ အမေက သားကြိုက်တဲ့ဟင်းတွေချည်း ချက်ထားတာ "

မစ္စဂျွန်က ပျော်ရွှင်မြူးတူးသည့်အသံဖြင့် ပြောလာသည် ။

" ကားပိတ်နေလို့ နည်းနည်း နောက်ကျမယ် အမေ ။ "

ဒီနေ့ကိစ္စကို သူ မေ့သွားတာကြောင့် မတတ်သာသည့်အဆုံး ဂျောင်းဂု လိမ်လိုက်မိသည် ။

" ဟုတ်လား ။ အေး...အေး ကားကို ဂရုစိုက်မောင်းဦးနော် "

" ဟုတ် အမေ ။ ကားမောင်းနေလို့ ဖုန်းချလိုက်တော့မယ်နော် "

သူ ဖုန်းချလိုက်ပြီး အခန်းငယ်လေးထဲကနေ ထွက်လာလိုက်သည် ။

ဂျောင်းဂုမှာ သူ့မိဘတွေနဲ့အိမ်ခွဲနေပြီးကတည်းက ပိတ်ရက်နှစ်ရက်မှာ တစ်ရက်တော့ မိဘအိမ်ကို မဖြစ်မနေသွားရောက်ရသည် ။ ထိုကဲ့သို့ မလုပ်လျှင် သူ့မိဘတွေက သူ့ကို အိမ်ခွဲနေခွင့်ပြုမည် မဟုတ်ပေ ။ အလုပ်တွေများလွန်းတာကြောင့် ဒီနေ့သွားလည်ရမည်ကို သူ မေ့သွားခဲ့ရသည် ။

ဂျောင်းဂုက ခပ်မြန်မြန်ပင် အဝတ်အစားလဲလိုက်ပြီး အိမ်ထဲကနေ ထွက်လာလိုက်သည် ။

မနက်စာစားပြီး ပန်းကန်ဆေးနေစဥ်မှာပင် တံခါးဖွင်သံကြားလိုက်တာကြောင့် ဘယ်သူလာမှန်း ယွန်းဂီ သိလိုက်သည် ။

Please Love MeDonde viven las historias. Descúbrelo ahora