ဒီနေ့ တနင်္ဂနွေနေ့။ မနက် (၉)နာရီ။ ရန်ကုန်လေဆိပ်။ ဒီနေ့က ယမင်းသော်တစ်ယောက် ရန်ကုန်ကို ပြောင်းရမဲ့နေ့လေးဖြစ်သည်။
လွန်ခဲ့တဲ့(7)နှစ်, ဒီလိုအချိန်, နှင်းသဇင်မင်း နဲ့ လမ်းခွဲပြီး တစ်လလောက်အကြာမှာ ယမင်းသော်ရဲ့အဖေဖြစ်သူ ကားမတော်တဆဖြစ်ခဲ့သည်။ အဲ့တာကြောင့် ယမင်းသော်တို့ အမျိုးတွေရှိတဲ့ ဘန်ကောက်ကိုသွားပြီး ဆေးကုဖို့အတွက်သွားဖို့ဆုံးဖြတ်ခဲ့ကြသည်။ ကျောင်းကိုလည်း ဘန်ကောက်မှာဘဲတက်ပြီး ဒီကိုမပြန်ဘဲနေမယ်လို့စဥ်းစားခဲ့ပေမဲ့ ကိုယ့်ရဲ့မွေးရပ်မြေကိုလွမ်းတဲ့စိတ်ရယ်၊ ကိုယ့်ရဲ့ချစ်ရသူကိုလွမ်းတဲ့စိတ်တွေကြောင့် အလုပ်တွေကိုတော့ရန်ကုန်မှာဘဲ လုပ်ရန်ဆုံးဖြတ်လိုက်သည်။
နှင်းစီမှာ သူ(မ)ဟာ သစ္စာဖောက်ခံလိုက်ရတယ်ဆိုတဲ့အသိဟာ ဒီနေ့၊ ဒီအချိန်ထိရှိနေသေးပေမဲ့ လွမ်းတဲ့စိတ်ကိုတော့ ယမင်းသော်မတွန်းလှန်နိုင်ခဲ့ဘူး။
...
လေဆိပ်ကထွက်တာနဲ့ အိမ်ကိုအမြန်ရောက်ရန်သာ စိတဲထဲစွဲနေသည်။ ထွက်ထွက်ချင်းမှာဘဲ တက္ကစီသာခပ်မြန်မြန်ငှားလိုက်ပြီး အိမ်လိပ်စာပြောလိုက်သည်။ အိမ်ကိုရောက်ပြီး ယမင်းသော် နားချင်ပြီ။
ပြန်လာမယ်ဆိုတာကို ရန်ကုန်မှာရှိတဲ့ဘယ်သူ့ကိုမှမပြောထားတဲ့အတွက်ကြောင့် သူ(မ)ကိုလာကြိုမဲ့သူတော့မရှိ။
ဘာဘဲဖြစ်ဖြစ် ဒီလိုလာကြိုတဲ့လူမရှိတာဟာ ယမင်းသော်အတွက် ကောင်းမွန်လှသည်။ ငယ်စဥ်ကတည်းက အဆင်မပြေကြတဲ့လူတွေနဲ့အတူ ပြန်မလာချင်ဘူး။
လေယာဥ်စီးလာတာကြောင့် မူးနေတဲ့ခေါင်းကိုလက်တစ်ဖက်ဖြင့် ငြင်သာစွာနှိပ်နယ်လိုက်သည်။
ပြီးတော့ ဘေးပတ်ဝန်းကျင်ကိုလျစ်လျှူရှုရင်း အိမ်အပြန်ရောက်ရန်သာခေါင်းထဲရှိသည်။ကားမောင်းချိန်(၁)နာရီအကြာလောက်မှာတော့ သူ(မ)အရောက်ချင်ဆုံးနေရာလေးစီသို့ ဆိုက်ရောက်လာခဲ့ပြီ။ တက္ကစီဆရာအား ကျသင့်ငွေရှင်းလိုက်ပြီး အိမ်ရှေ့ခြံတံခါးရှေ့ရပ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာဘဲ လွန်ခဲ့သော (၇)နှစ်တာကာလမှပုံရိပ်များဟာ တွေးတောချင်စရာမလိုအောင်ကို ခေါင်းထဲစီစီရီရီပင်ရောက်လာတော့သည်။
![](https://img.wattpad.com/cover/278779645-288-k725448.jpg)
YOU ARE READING
-အကယ်၍- (2)(Completed)
Romanceတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..