If-23(U)

746 66 2
                                    

နှင်းကိုအဖြေပေးတဲ့နေ့ရဲ့ညကလည်း ဒီအတိုင်းလေး အခန်းလေးထဲမှာ နှစ်ယောက်သားသီချင်းနားထောင်ရင်းဘဲ ညတာကိုကုန်ဆုံးခဲ့သည်။

တကယ်တော့ လူနှစ်ယောက်တွေ့တိုင်း စကားတွေများများစားစားပြောနေစရာမလိုဘူး။ ဒီတိုင်းလေးဘေးမှာနေပြီး တစ်ယောက်မျက်နှာတစ်ယောက်ငေးကြည့်နေရတာလဲ ပျော်စရာကောင်းတဲ့အခိုက်အတန့်ဘဲလေ။

နောက်နေ့မနက်မှာတော့ ရန်ကုန်ပြန်ရန် အားလုံးပြင်ဆင်ကြတော့သည်။ ညနေပိုင်းပြန်မှာဖြစ်တာကြောင့် အားလုံးဟာအေးအေးဆေးဆေးပါဘဲ။

ဒီတိုင်းလေး ခြံလေးထဲဆင်းနေကြပြီး အလည်မှာ စားပွဲခုံလေးတစ်လုံးချထားသည်။ ဘေးပတ်ပတ်လည်မှာ ခြောက်ယောက်သားနေရာယူလိုက်ကြပြီ ထွေရာလေးပါးလျှောက်ပြောနေကြသည်။ ယမင်းသော်ကတော့ စာအုပ်လေးတစ်အုပ်ဖြင့်သာ ထိုအုပ်စုထဲတွင်အေးချမ်းစွာအချိန်ကုန်ဆုံးနေသည်။

မနေ့ဈေးသွားတုန်းက အားလုံးကြိုက်လောက်မဲ့အသီးတွေကို ယမင်းသော်ဝယ်လာခဲ့သည်။ ဝယ်လာတာကတော့အစုံပါဘဲ။ ထိုအသီးတွေကိုပန်းကန်လေးထဲထည့်ကာ စားပွဲအလည်မှာချထားလိုက်သည်။ အအေးအတွက်ထောပတ်သီးဝယ်လာတာကြောင့် မီးဖိုချောင်မှာအလုပ်ရှုပ်နေတဲ့ ယမင်းထွန်းနဲ့နှင်းသဇင်မင်းကိုတွေ့ရလိမ့်မည်။ အားလုံးခွက်ကိုယ်စီနဲ့ နေ့လည်လေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြသည်။

ညနေမရောက်တရောက်(၄)နာရီအချိန်မှာတော်
အိမ်ပြန်လက်ဆောင်အတွက် လက်ဆောင်များဝယ်ရန် ဈေးကို ခြောက်ယောက်သားထွက်လာလိုက်သည်။

လက်ဆောင်ဝယ်ရန်လာခဲ့ပေမဲ့ တွေ့သမျှမုန့်တွေသာဝယ်နေသော မြတ်နိုးတို့ကြောင့် ယမင်းသော် မနည်းတားလိုက်ရသည်။ မုန့်ဆိုင်တွေ့တိုင်းဝင်ရန်ကြိုးစားနေတဲ့လေးယောက်ကို ယမင်းသော်စိတ်ရှည်ရှည်နဲ့တားနေရတာပေါ့။ နှင်းကတော့ ဘေးမှာဒီတိုင်းသာရပ်ကြည့်နေသည်။ သူ(မ)ကိုကူညီထားသူတွေဖြစ်တာကြောင့် ဝင်မပါဘူးဆိုတဲ့ဆောင်ပုဒ်နဲ့ရပ်ကြည့်နေသည်။ တားလို့မှမဟုတ်ရင်လည်း ပါလာတဲ့မုန့်ဖိုးတွေဟာ သူတို့ဝယ်တဲ့မုန့်တွေကြောင့်နဲ့ မွဲကြတော့မည်။ ထို့အပြင် တားနေတဲ့ကြားထဲတွင်လည်း နှင်းသဇင်မင်းတစ်ယောက်ပျောက်သွားလို့ လိုက်ရှာရသေးသည်။ အားလုံးစကားပြောချိန်မှ မတွေ့တော့လို့တော်တော်လေးကို ပတ်ရှာလိုက်ရသည်။ တကယ်ကိုဗရုတ်ကျခဲ့ပေမဲ့ အတော်လေးကိုပျော်ရွှင်ခဲ့ရသည်။

-အကယ်၍- (2)(Completed)Tempat cerita menjadi hidup. Temukan sekarang