ကားပေါ်ရောက်၍ မကြာလိုက်ပါ။ မနက်က အစ်မဖြစ်သူရဲ့ဆူညံ့သံတွေကြောင့် အိပ်မရခဲ့သည့်အကျိုးကျေးဇူးတွေကြောင့် အခုတော့ အိပ်ငိုက်လာခဲ့သည်။ ညနေဖြစ်တာလည်း တစ်ကြောင်း၊ ပြတင်းပေါက်ဖွင့်ထားတာကြောင့် တဖြူးဖြူးတိုက်ခတ်နေတဲ့လေလေးတွေကြောင့်တစ်ကြောင်း ယမင်းသော်အိပ်ချင်လာသည်။
ဒါကြောင့် ဘာမှမတွေးတော့ဘဲ ဘေးပြတင်းပေါက်ကိုမှီကာ ခဏလောက် မှေးလိုက်သည်။ ပြတင်းပေါက်မှန်တံခါးကို အနည်းငယ်တင်လိုက်သည်။
ကားပေါ်ရောက်ကတည်းက တိတ်ဆိတ်နေသော အခြေအနေကြောင့်နှင်းသဇင်မင်းတစ်ယောက် ဖုန်းထုတ်ကာသီချင်းသာနားထောင်နေသည်။ တရိပ်ရိပ်မှောင်လာတဲ့ပတ်ဝန်းကျင်ဟာ မကြာခင်မှာဘဲ ညဘက်ကိုရောက်လို့လာသည်။ လမ်းတစ်လျှောက် လမ်းမီးတိုင်တွေမှအပ မီးလင်းမေသည်မှာ မရှိပေ။
ဘေးကိုလှည့်ကြည့်မိသော အရင်ကလို ဘေးပြတင်းပေါက်ကိုမှီကာအိပ်နေသော ယမင်းသော်ကြောင့်မနေနိုင်မထိုင်နိုင် ဘေးကိုတိုးကာ ခေါင်းလေးကို မိမိပုခုံးပေါ်ပြောင်းလိုက်သည်။ ဆံပင်ချထားတာကြောင့် မျက်နှာပေါ်ကပိုကယိုကျနေတဲ့ဆံနွယ်လေးတွေကို တယုတယသပ်တင်ပေးလိုက်သည်။
ထိုအရာက ရှေ့ခန်းမှာကားမောင်းနေတဲ့ဘယ်ရီမြင်ပေမဲ့ ဘာမှမပြောပေ။ သူ(မ)သည်လည်း ဒီနေ့ ယမင်းထွန်းရဲ့ခေါ်ဆောင်မှုကြောင့် အဖြစ်မှန်ကို သိခဲ့ရသည်။ အရာအားလုံးထက် သူ(မ)သူငယ်ချင်းပျော်ရင် သူ(မ)လည်း ကျေနပ်ပြီ။
ဒါပေမဲ့ ဘယ်ရီတို့ကားနဲ့မတူညီစွာဆူညံနေသော မြတ်နိုးတို့သည် ကားတစ်စီးလုံးကို စကားသံပေါင်းများစွာပါဘဲ။
မတွေ့တာကြာပြီဖြစ်သောမြတ်နိုးနဲ့သဇင်တို့လည်းဘယ်ကတည်းကမေးချင်နေလဲမသိတဲ့ယမင်းထွန်းကြောင့် စကားများမပြတ်ပြောနေရသည်။ နဂိုကတည်းက စကားများကြသူတွေဖြစ်တာကြောင့် သွားရမဲ့နေရာရောက်တဲ့အထိ စကားသံဟာပြတ်မသွားခဲ့ပါ။
မတူညီသောအခြေအနေဖြင့်ကားလေးနှစ်စီးသည် လိုရာခရီးသို့ အေးဆေးစွာ မောင်းနှင်လာကြသည်။
![](https://img.wattpad.com/cover/278779645-288-k725448.jpg)
BINABASA MO ANG
-အကယ်၍- (2)(Completed)
Romanceတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..