ညက နှစ်ယောက်သား အချိန်တော်တော်ကြာကြာဘာစကားမှမပြောဘဲ သီချင်းနားထောင်ရင်းဘဲ အိပ်လိုက်ကြသည်။ ယမင်းသော်ဟာ စောစောစီးစီးအိပ်ပျော်သွားပေမဲ့ နှင်းကတော့ ဘေးကနေသော်အိပ်ပျော်သွားတဲ့အထိကိုငေးရင်းသာ နောက်ကျမှအိပ်လိုက်သည်။
မနက်ပိုင်းတွင်တော့ မနက်(၉)နာရီဝန်းကျင်လောက်ယမင်းသော်နိုးလာသည်။ ဘေးကိုကြည့်လိုက်တော့ နှင်းမရှိတော့ပေ။
အောက်ဆင်းသွားပြီထင်တယ်။
ထို့ကြောင့် အိပ်ရာကို သေသေသပ်သပ်ခေါက်ကာ မျက်နှာသစ်ရန် အောက်ဆင်းခဲ့လိုက်သည်။ အိတ်ထဲမှလဲဝတ်ရန် အင်္ကျီတစ်ချို့ကိုလည်း လက်ထဲတွင်ကိုင်လာခဲ့သည်။ နောက်ဘက် ရေချိုးခန်းသွားနေတုန်းဘေးဘီကြည့်နေပေမဲ့ ဘယ်သူမှမတွေ့ပေ။
အကုန်ဘယ်ရောက်ကုန်တာလဲ။ ငါ့တစ်ယောက်တည်း ထားခဲ့ကြတာလား။
စဥ်းစားနေပေမဲ့လည်း အရင်ဆုံး မျက်နှာသစ်ပြီးမှ လူရှာရန်ဆုံးဖြတ်လိုက်သည်။ မနေ့ညကရေမချိုးလိုက်ရသည်ကိုသတိရသွားတာကြောင့် မျက်နှာသစ်ရင်း ရေပါတစ်ခါတည်းချိုးလိုက်သည်။ ပြီးတော့ လဲဝတ်လိုက်တဲ့အင်္ကျီပေါ်ကို အနွေးထည်အပါးလေးပါကောက်ယူဝတ်လိုက်ကာ အပြင်ဘက်ထွက်လာသည်။
ထွက်ထွက်ချင်း ခြံစည်းရိုးအကျော်ဒန်းလေးမှာ တစ်ယောက်တည်းထိုင်ကာ စာဖတ်နေသောနှင်းကိုမြင်လိုက်တော့ အပြင်တန်းမထွက်ဘဲ တံခါးနားကနေခဏလောက်ငေးကြည့်နေသေးသည်။
တိုက်ခတ်လာတဲ့လေကြောင့်လွင့်မျော်နေတဲ့ဆံနွယ်တွေနဲ့ နှင်းဟာအတော့်ကိုလှပလွန်းသည်။ အခုလို ငေးကြည့်နေတဲ့အတော်အတွင်း တွေးမိသည်က အစ်မဖြစ်သူပြောခဲ့တဲ့စကားတွေပါဘဲ။ 'နှင်းက သစ္စာဖောက်တာမဟုတ်ဘူး' ဆိုတဲ့စကားက ယမင်းသော်အတွက် အနည်းငယ်မျှော်လင့်ချက်ရှိစေသည်။
နှင်းလည်းစာဖတ်နေတုန်း တစ်ယောက်ယောက်ကြည့်နေသည်ကို ခံစားလိုက်ရတာကြောင့်
အိမ်ဘက်ကိုလှမ်းကြည့်လိုက်တော့ တံခါးနောက်လေးမှာရပ်နေတဲ့အရိပ်လေးကိုတွေ့လိုက်သည်။ အိမ်မှာဘယ်သူမှမရှိတာကြောင့် ထိုအရိပ်လေးဟာ သော်ဆိုတာတန်းသိလိုက်သည်။ ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး သော့်အားလှမ်းခေါ်လိုက်သည်။
ESTÁS LEYENDO
-အကယ်၍- (2)(Completed)
Romanceတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..