If-16(U)

773 63 2
                                    

နောက်နေ့မနက်တွင်တော့ နှင်းက အလုပ်သွားရမည်ဆိုကာ စောစောစီးစီးထပြီးအိမ်ပြန်သွားလေသည်။ ယမင်းသော်လည်းမနေသာကာ အတူတူလိုက်ထရင်း နှင်းကိုလိုက်ပို့လိုက်သည်။ လမ်းတစ်လျှောက် သူ(မ)ရဲ့အခက်အခဲတစ်ချို့ကိုရင်ဖွင့်သောနှင်းကြောင့် ယမင်းသော်တိတ်ဆိတ်စွာဖြင့် သူ(မ)ပြောပြသည်ကိုနားထောင်မိသည်။ နှင်းကိုလိုက်ပို့ပြီး အိမ်သို့ပြန်လာချိန်လမ်းမှာ မနက်စာအတွက်ရှမ်းခေါက်ဆွဲဝယ်ရန်သတိရသွားသည်။ မနေ့ကသွားခဲ့တဲ့ စားသောက်ဆိုင်မှာဘဲ မနက်စာဝယ်ရန် သွားဖို့ဆုံး​ဖြတ်လိုက်သည်။ မမက အဲ့ဆိုင်က ရှမ်းခေါက်ဆွဲကြိုက်တယ်ဆိုသောကြောင့်ပင်။

ဝယ်ပြီးတော့ အိမ်ပြန်ရောက်ချိန်မှာတော့ ခြံထဲဆင်းကာ ယမင်းသော်ကိုစောင့်နေသော အစ်မဖြစ်သူကိုတွေ့ရလိမ့်မည်။ အဖေလုပ်ပေးထားသောဒန်းလေးမှာထိုင်ကာ သူ(မ)ကိုပေစောင်းစောင်းကြည့်နေသော အစ်မဖြစ်သူကို ပြန်ကာကြည့်ပေးလိုက်သည်။

"စောစောစီးစီး ငါ့ကိုချန်ထားပြီး ဘယ်များသွားပါလိမ့်လို့။ မုန့်သွားဝယ်တာဘဲ။"

အလုပ်ရှိတဲ့နေ့တွေဆိုစောစောထကြပေမဲ့ အလုပ်မရှိတဲ့နေ့​တွေအတွက် မနက်(၈)နာရီဆိုတာကတော့ ထိုညီအစ်မနှစ်ယောက်အတွက်တော့ စောစောစီးစီးဖြစ်သ​ည်။ တစ်ခါတလေဆို မနက်(၁၀)နာရီလောက်မှထလေ့ရှိကြသည်။ အမေဖြစ်သူရဲ့အဆူခံရမှုကိုတော်တော်များများခံရမှသာ မနက်ကို (၈)နာရီမှာ ထကြလေ့ရှိသည်။

"စောစောစီးစီးထပြီး မုန့်သွားဝယ်တယ်လား။ ဟုတ်ပါပြီ။ မမအတွက်သွားဝယ်ပေးတာပါနော်။ မစားချင်မစားလို့ရတယ်။ အားမနာနဲ့ သမီးစားမယ်။"

သူ(မ)အတွက်ဝယ်လာတယ်လည်း ဆိုတာကြောင့် မျက်နှာမှာ ပြုံးရွှင်သွားကာ.. "ငါမစားဘူးပြောလား။ ကိုယ့်ညီမလေးက ကိုယ့်အတွက်စောစောစီးစီးထပြီးသွားဝယ်ပေးတာဘဲ။ စားပေးရမှာပေါ့။ ဟုတ်တယ်မလား။"

ပြုံးဖြီးကာ မစားရမည်ကိုစိုးနေသော အစ်မဖြစ်သူမျက်နှာကိုကြည့်ကာရယ်လိုက်ရင်း.. "ဒါဆိုလည်းလာ။ စားမယ်။ ပြီးရင် ကုပ္မဏီသွားရမှာမလား။"

-အကယ်၍- (2)(Completed)Unde poveștirile trăiesc. Descoperă acum