If-13(U)

818 72 4
                                    

ဇန်နဝါရီလရဲ့ပထမဦးဆုံးနေ့မှာတော့ယမင်းသော်စောစောနိုးထလာခဲ့သည်။ မနက်(၆)နာရီကတည်းကပေါ့။ ဘာလို့ဆို နှင်းအိမ်မှာဆိုတဲ့အသိကြောင့်ဖြစ်သည်။

နိုးလာတော့ ဘေးဘက်ကနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတဲ့ နှင်းကိုခဏလောက်ထိုင်ကြည့်နေမိသည်။ မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို ဂရုတစိုက်နဲ့သပ်တင်ပေးနေမိသည်။ ပြီးတော့ အောက်ထပ်ဆင်းလာပြီးမနက်စာအတွက် ချက်စရာများကိုရေခဲသေတ္တာထဲတွင် ရှာမိသည်။

ဒါပေမဲ့ ဘာမှမရှိတဲ့အတွက် ထမင်းချက်ရန်အရင်ပြင်ဆင်လိုက်သည်။ ပြီးရင် ထမင်းကြော်ပေးမလို့ဖြစ်သည်။ ချက်တတ်သည်မှာလည်း ဒါဘဲရှိတာကြောင့်ပင်။ ထမင်းချက်ထားသည့်အချိန်အတွင်းအပေါ်ထပ်ဝရန်တာတွင်ထိုင်ကာ ဖုန်းကြည့်နေလိုက်သည်။ အခုအချိန်ထိ နှင်းတစိယောက်နိုးမလာသေးဘူး။

နောက်နာရီဝက်အကြာတွင်တော့ ထမင်းကျက်သွားပြီဖြစ်တာကြောင့် ထမင်းကြော်ရန်စတင်တော့သည်။ ဆိုတော့ ဒီနေ့ နှင်းအတွက် မနက်စာလေးကတော့ ထမင်းကြော်နဲ့ ကော်ဖီပေါ့။ ထိုမနက်စာလေးကို ထမင်းစားပွဲပေါ်တင်လိုက်ကာ စာရွက်တစ်ရွက်ပေါ်မှာစာရေးပြီးချိန်ထားခဲ့လိုက်သည်..

စာရွက်တွင်..

          "မနေ့ကငါ့အတွက်ကျွေးတာကော၊ ပြီးတော့ အိမ်မှာအိပ်ခွင့်ပေးတဲ့အတွက် မနက်စာပြန်လုပ်ပေးတာ။ ကော်ဖီကတော့နင်နိုးရင် အေးနေလောက်ပြီဆိုပေမဲ့ပေါ့ ဖျော်ပေးခဲ့တယ်။ မကြိုက်ရင် အသစ်ဖျော်လိုက်နော်။ အိမ်သော့ကိုလည်း နှင်းထားနေကြနေရာလေးမှာထားထားပေးတယ်နော်။ ဒါဆို ငါပြန်သွားပြီ။.ကောင်းကောင်းစားနော်"
                                               ယမင်းသော်

ထိုသို့ပင်။ ရိုးရိုးရှင်းရှင်းလေးပါဘဲ။ ထိုစာလေးရေးခဲ့ပြီး ယမင်းသော် နစ်ကီလေးကိုခေါ်ကာအိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်တော့ နစ်ကီလေးကိုအစာကျွေးလိုက်ပြီး အပေါ်ထပ်တက်ကာပြန်အိပ်လိုက်သည်။ အိပ်ရေးမဝသေးတာကြောင့်ပင်။

...

နှင်းနိုးလာချိန်တွင်တော့ ဘေးမှာ ယမင်းသော်ကို
မတွေ့တာကြောင့် ပြန်သွားပြီဖြစ်ကြောင်းသိလိုက်သည်mm အိပ်ရာထက်မှာထထိုင်ကာ မနေ့ညကအဖြစ်အပျက်ကိုပြန်တွေးမိသည်။ တကယ်ကို သော့်ကိုပြန်လာစေချင််တယ်လို့​ပြောခဲ့တာကိုသတိရမိသည်။ အတွေးတွင်တော့.. "အာ ငါမူးသွားတာဘဲ။ တော်သေးတာပေါ့။ သော်မကြားလိုက်လို့။"

-အကယ်၍- (2)(Completed)Donde viven las historias. Descúbrelo ahora