If-4(U)

1.2K 90 2
                                    

တစ်ရက်နဲ့တစ်ရက် မ​ပြတ်အလုပ်လုပ်ရခြင်းဟာ
တော်တော်လေးပင်ပန်းကြောင်း
ယမင်းသော်သိလာတော့သည်။ တစ်ရက်လောက်ကို ဘာမှမလုပ်ဘဲနဲ့ အိပ်ရာထဲမှာသာနေပစ်လိုက်ချင်သည်။ အရင်ကဆိုအိမ်ပြန်ရောက်တာနဲ့ အခန်းထဲဝင်ကာ ပြန်ထွက်မလာတော့တဲ့အဖေဖြစ်သူကြောင့် တစ်ပတ်တစ်ခါတော့ အဖေ့ကို သူ(မ)စိတ်ဆိုးမိသည်။ အခုမှဘဲ ဖေဖေ့ခံစားချက်များကိုနားလည်လာတော့သည်။ ပင်ပန်းတယ်ဆိုတာ လမ်းတောင်မလျှောက်ချင်ဘူး။

တွေးနေရင်းနဲ့ပင် ဟိုနေ့ကအစည်းအဝေး
လုပ်နေတုန်း အခန်းထဲကို နှင်းသဇင်မင်း
ဝင်လာတဲ့အချိန်မှာ ယမင်းသော်တစ်ယောက် ကြောင်အသွားပြီး ဘာလုပ်လို့လို့လုပ်ရမှန်းတောင်မသိဖြစ်ခဲ့သည်။ နှင်းကို ဒီကုပ္မဏီက
ဝန်ထမ်းမှန်းမသိခဲ့ဘူး။ သိရင်သူ(မ)ဒီနေရာမှာ အလုပ်လုပ်ဖို့ လက်မခံခဲ့ပါဘူး။ ထိုနေ့အစည်းအဝေးမှာ နှင်းနဲ့မျက်လုံးချင်းမစုံအောင်ရှောင်နေရင်းနဲ့ဘဲပြီးဆုံးသွားသည်။

ထိုနေ့က အစည်းအဝေးပြီးတဲ့အထိ တော်တော်ကြာအောင်သည်းခံကာနေနေမိသည်။ ဘာဘဲဖြစ်ဖြစ်သူ(မ)ဘက်ကသာ ဒီလိုဖြစ်နေပေမဲ့ နှင်းဘက်ကတော့ ဒီလိုမဟုတ်ပေ။ သာမန်လူတစ်ယောက်လို အေးအေးဆေးဆေးပါဘဲ။ အဲ့နေ့ကယမင်းသော် အစည်းအဝေးပြီးပြီးချင်း ရုံးဆင်းခဲ့သည်။ လုပ်စရာအလုပ်များကို အိမ်ကိုပါအပါခေါ်လာခဲ့မိသည်။

...

ဒီနေ့မနက်တော့ ယမင်းသော်တစ်​ယောက်
အိပ်ရာမှမနိုးသေးပေ။ စနေနေ့မနက်ဖြစ်တာကြောင့် မထသေးခြင်းပင်။ အိပ်ရာဘေးစားပွဲပေါ်တင်ထားသောဖုန်းမှ alarm သံမြည်နေပေမဲ့ ခဏသာ ထကြည့်လိုက်ပြီးပြန်အိပ်လိုက်သည်။ စနေနေ့ကို မနက်(၈)နာရီလောက်ကြီးထရအောင်တော့ ယမင်းသော်မလုပ်ပေ။ ညကလည်း စာဖတ်တာနောက်ကျသွားတာကြောင့် ထပ်အိပ်လိုက်အုံးမယ်လို့စဥ်းစားကာ နှိုးစက်ထပိတ်လိုက်ပြီး အိပ်စက်ခြင်းသို့ပြန်လည်ရောက်ရှိသွားသည်။

ပြန်အိပ်လိုက်ပြီး ပြန်နိုးလာချိန်မှာ ဘယ်အချိန်ပါလိမ့်။ (၁၀)နာရီထိုးသွားလေပြီ။ သိပ်နောက်မကျသေးပါဘူး။

-အကယ်၍- (2)(Completed)Tahanan ng mga kuwento. Tumuklas ngayon