ဒီနေ့မနက်မှာလည်း နေ့တိုင်းနီးပါးကျွမ်းဝင်အောင်လုပ်နေရသောလုပ်ငန်းများနှင့်စတင်ခဲ့သည်။
မနက်(၉)နာရီလောက်တွင် အိပ်ရာမှထပြီးရေချိုး,မျက်နှာသစ်လိုက်သည်။ ဂါဝန်အပြာရောင်လေးကိုလဲဝတ်လိုက်ပြီး ဆံပင်ကို ကျစ်ဆံမြှီးကိုနှစ်ဖက်ခွဲကျစ်လိုက်သည်။ အိမ်မှာနေမယ်ဆိုပေမဲ့လည်း လှလှပပလေးနေရမယ်လေ။ မနေ့က ဒေါ်လေးခေါ်လာပေးသော အစ်မနှစ်ယောက်ကြောင့် မနက်ပိုင်းခေါက်ဆွဲနဲ့ နှစ်ပါးသွားရခြင်းကို အဆုံးသတ်နိုင်ခဲ့သည်။ ကိုယ်တိုင်က ဟင်းသီးဟင်းရွက်တွေဝယ်နေပေမဲ့ မချက်တတ်။ ဒါပေမဲ့စမ်းချက်ကြည့်ဖို့တော့ စဥ်းစားမိသည်။
"ယမင်း နိုးလာပြီလား။ လာထိုင်"
စစခြင်းတွေ့ကထဲက ရင်းရင်းနှီးနှီး ခေါ်ရန်သာပြောထားသောကြောင့် နည်းနည်းတော့အဆင်ပြေမိသည်။ မဟုတ်ရင် ကိုယ်ဘဲအားနာနေရမှာ။
"မနက်စာဘာလဲဟင် အစ်မ"
"ရှမ်းခေါက်ဆွဲလေ ယမင်း။ ကြိုက်တယ်မလား။"
ယမင်းသော်ဘဝ ကြက်သားပလာတာနဲ့ ရှမ်းခေါက်ဆွဲဟာ အကြိုက်ဆုံးပင်။ ရှမ်းခေါက်ဆွဲကတော့ ပိုကြိုက်တာပေါ့။ ကြက်သားပလာတာကတော့ အမေ့လက်ရာကိုအကြိုက်ဆုံးပင်။
"ဟုတ် အစ်မတို့လဲဝင်စားလိုက်လေ"
"ရပါတယ် ယမင်းသာအရင်စားလိုက်။ အစ်မလုပ်စရာရှိသေးတယ်။"
"လာပါ တစ်ယောက်တည်းမစားချင်လို့ပါ"
အတင်းကိုဝင်ထိုင်ခိုင်းကာ စားစေချင်နေတာကြောင့် ထိုနှစ်ယောက်လည်း ငြင်းလို့မရတော့သည့်အဆုံး ဝင်သာစားလိုက်ရသည်။
"ဟုတ်ပါပြီ"
...
မနက်စာစားပြီးတာနဲ့ ကိုယ့်အခန်းကိုပြန်ဝင်ကာ စာသာရေးနေလိုက်သည်။ ထိုသို့စာရေးနေသည်မှာနေ့တိုင်းပင်ဖြစ်သည်။ ယမင်းသော်ကတော့ သူ(မ)ဝါသနာပါရာအလုပ်ဖြစ်တဲ့ စာရေးဆရာအလုပ်ကို လုပ်လာသည်မှာ တစ်နှစ်လောက်ရှိပြီဖြစ်သည်။
ထိုင်းရောက်ကတည်းက စာရေးတာကိုအဆုံးသတ်လိုက်တာဆိုပေမဲ့ ဝါသနာဆိုတဲ့အတိုင်း အပြီးသတ်အဆုံးမသတ်နိုင်ခဲ့ပေ။ ကျောင်းပြီးသွားချိန်မှာ ဒီတိုင်းအပျော်တမ်းစာပြန်ရေးခဲ့ပေမဲ့ ကမ်းလှမ်းခံခဲ့ရတာကြောင့် စာအုပ်ထုတ်ဖြစ်ခဲ့ပြီး ထိုစာအုပ်တိုက်ဖြင့်သာစာချုပ်ချုပ်၍ စာများသာဆက်ရေးနေသည်မှာ အခုအထိလို့ဆိုရမှာပါဘဲ။ နောက်အပတ်ဆို စာမူအပ်ရတော့မည်ကိုသတိရလာတာကြောင့် နေ့တိုင်းစာရေးခြင်းပင်ဖြစ်သည်။
ESTÁS LEYENDO
-အကယ်၍- (2)(Completed)
Romanceတကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။ 02262022-07302022 (Season 2 of နှင်း) Season 1 အရင်ဖတ်ပေးပါနော်.. Wall ထဲမှာရှိပါတယ်..