If-33(U)

794 51 0
                                        

အဖေတို့အိမ်ရောက်လာတဲ့နေ့ကတည်းက နှင်းသဇင်မင်း သူ(မ)ရဲ့အိမ်ကိုပြန်သွားခဲ့တာ တစ်လလောက်ရှိပြီ။ ဒါကြောင့် ယမင်းသော်နဲ့ နှင်းသဇင်မင်းတို့ တွေ့ရချိန်က ဆိုင်သွားတဲ့အချိန်ဘဲရှိတယ်။ လုပ်စရာကိစ္စတွေအားလုံးကိုလည်း ဖြတ်နေတာကြောင့် ဆိုင်သွားချိန်ဟာလည်းမမှန်ပါ။ လကုန်ဖို့လည်းသိပ်မလိုတော့တာကြောင့် ဒီနေ့ပိတ်ရက်တော့ နှင်းသဇင်မင်းရဲ့အိမ်ကိုသွားရန် ယမင်းသော်ဆုံးဖြတ်လိုက်သည်။

မနက်ပိုင်းမှာ အဖေတို့နဲ့အတူ အလုပ်ကိစ္စဆွေးနွေးပြီးတာနဲ့ အပြင်ထွက်သွားမဲ့အဖေ့ကိုစောင့်နေလိုက်သည်။ ဒီနေ့အရေးကြီးကိစ္စရှိတယ်လို့ အဖေပြောထားတယ်။ နေ့လည်လောက်တွင်တော့ အလုပ်ကိစ္စကြောင့် အပြင်ထွက်သွားပြီဖြစ်တာကြောင့် အခန်းထဲမှအမေ့ကို နှင်းရဲ့အိမ်သွားမယ်ပြောပြီး ထွက်လာခဲ့လိုက်သည်။ အမေကတော့ နှင်းတစ်ယောက်တည်းနေတာသိတာကြောင့် ပေးစရာရှိတာတွေကို အိတ်နဲ့သေချာထည့်ကာ ယမင်းသော်နဲ့အတူပေးလိုက်သည်။ ဘာတွေလဲဆိုတာတော့ သော်လည်းသိပ်မသိ။

နှင်းရဲ့အိမ်နားရောက်တော့ ခြံထဲမှာ သူ(မ)ရဲ့ဂျွန်လေးနဲ့ဆော့နေတာကိုမြင်လိုက်ရသည်။ ကစားစရာလေးတစ်ခုနဲ့အတူ ဂျွန်နဲ့ပြေးလွှားနေတဲ့နှင်းကို ယမင်းသော်ရပ်ကာကြည့်နေမိသည်။  နှင်းရဲ့ဒီလိုပုံစံဟာ အခုလိုအချိန်မှာ မြင်ရခဲသည်။ ငယ်ငယ်တုန်းကလိုမဟုတ်တော့ဘဲ ရင့်ကျက်တဲ့ပုံစံကို ဒီနှစ်တွေမှာမြင်လာရတာ အသားမကျသေးပေမဲ့ သူ(မ)မှာလည်း ဒဏ်ရာတွေအများကြီးဘဲ။ သူ(မ)တစ်ယောက်တည်းရှိတော့တယ်လို့များတွေးမိပြီး သူ(မ)ပုံစံကိုပြောင်းလဲခဲ့တာလားလို့တောင် ယမင်းသော်တွေးမိသည်။ ဒါကြောင့် ခြံထဲမဝင်သေးဘဲ နှင်းကိုတစ်ဝကြီးငေးကြည့်နေမိသည်။ ပြီးတော့ ဖုန်းလေးနဲ့ မှတ်တမ်းတင်လိုက်သေးသည်။

(၁၅)မိနစ်လောက်ကြာသည်အထိ မိမိကိုသတိမထားမိတာကြောင့် အထဲဝင်ရန် ​ခြေလှမ်းစလိုက်သည်။

"နှင်း"

အော်ခေါ်လိုက်ချိန် လှည့်ကြည့်လာသောနှင်းရဲ့မျက်လုံးတွေဟာ အရောင်တောက်လို့နေသည်။ အသံကြားလိုက်ကတည်းက သော့်အသံမှန်း မှတ်မိပုံပင်။ တကယ်ဆို နှင်းအိမ်ကိုလာလေ့ရှိတဲ့လူက သော့်အပြင် သူ(မ)မိထွေးသာရှိသည်။ ကျန်တဲ့လူသာသေးလာမသိပေမဲ့ တစ်ခါမှတော့မတွေ့ဖူးဘူး။

-အကယ်၍- (2)(Completed)Donde viven las historias. Descúbrelo ahora