If-24(U)

697 54 2
                                    

ဒီနေ့တွင်တော့ မနက်(၈)နာရီတွင်ထကာ ဆိုင်သွားရန်နှစ်ယောက်သား ပြင်ဆင်ကြသည်။ ဘေးအခန်းမှ အစ်မဖြစ်သူကတော့ နိုးလောက်မယ်မထင်ပါဘူး။ ညကပင်ပန်းထားတာကြောင့် ယမင်းသော်လည်း အစ်မကိုမနိုးဖို့ ဆုံးဖြတ်လိုက်သည်။

ဒီနေ့မနက်တွင်တော့ ယမင်းထွန်းတစ်​ယောက် အလုပ်မရှုပ်ရပါ။ ဘာလို့ဆို အန်တီလေးက နစ်ကီလေးကိုလာပို့ရင်း သူ(မ)တို့အတွက်မနက်စာပါဝယ်လာပေးခြင်းကြောင့်ဖြစ်သည်။ နှင်းတို့ပါအိမ်မှာရှိမှာကိုသိတာကြောင့် သူ(မ)အတွက်ပါဝယ်ခဲ့သည်။ မနက်စာကတော့ ထုံးစံအတိုင်း ရှမ်းခေါက်ဆွဲပါ။ သူ့တူမတွေအကြောင်း အခုလိုသိတာ။

ဘာလိုလိုနဲ့ နှင်းလည်း ဒီညီအစ်မနှစ်ယောက်နဲ့တွေ့မှ ရှမ်းခေါက်ဆွဲကိုကြိုက်လာတော့သည်။

မနက်(၉)နာရီတွင်တော့ အိမ်တွင် ယမင်းထွန်း
တစ်ယောက်ဘဲကျန်ခဲ့ကာ သော်နဲ့နှင်းကတော့
ဆိုင်သွားရန် ထွက်လာခဲ့လိုက်သည်။ လမ်းတစ်လျှောက် ယမင်းသော်ကတော့ ရေဒီယိုကသီချင်းနားထောင်ရင်း အိပ်ငိုက်ကာလိုက်ပါလာသည်။ နှင်းကတော့ ဘေးကအိပ်ငိုက်နေတဲ့ကောင်မလေးကိုဂရုတစိုက်ကြည့်ရင်းနဲ့ပေါ့။

ဆိုင်မဝင်ခင် အရင်က ဝင်နေကြဖြစ်တဲ့ ဆိုင်ဘေးလေးကပန်းဆိုင်လေးကိုဝင်ဖြစ်သည်။ ဘာလို့ဆို
ဆိုင်မှာ ထားနေကြပန်းလေးတွေက ခြောက်တော့မှာရယ်၊ ပန်းပြောင်းထားချင်တာရယ်ကြောင့်ပင်။ ထိုဆိုင်ကပိုင်ရှင်အစ်မလည်း ယမင်းသော်ကို မှတ်မိနေလောက်နေလောက်ပြီ။

ဆိုင်ထဲကို ယမင်းသော်အရင်ဆုံးဝင်သွားလိုက်ပြီး နှင်းကတော့ ကားပါကင်မှာ ကားသွားရပ်သည်။ ပြီးမှ ဆိုင်ထဲလိုက်လာသည်။

"ဘာပန်းပြောင်းချင်လို့လဲ သော်"

"အင်း ကျူးလစ်"

ကျူးလစ်ပန်းကိုမှ အရောင်စုံပေးရန်ပြောထားတာကြောင့် ဆိုင်ရှင်အစ်မတစ်ယောက် ဆိုင်နောက်မှာအလုပ်ရှုပ်နေသည်။

"ဘာလို့လဲ"

"အင်း မသိဘူး။ ဒီတိုင်းကြိုက်လို့။"

"ဒါဆို အကြိုက်ဆုံးရှိလား။"

"အင်း နေကြာရယ်၊ ဒေစီရယ်၊ ပြီးတော့ ကြယ်ပန်းရယ်။"

-အကယ်၍- (2)(Completed)Donde viven las historias. Descúbrelo ahora